Movie Name
Crash Course In Romance (2023)
Year
2023
Generes
Comedy, Drama, Romance
Code
SKR0793
Type
Series
Size
8.34 GB
Country
Korea
Description
အပိုင်း( ၁ မှ ၁၆ ထိ ) စ/ဆုံး ဒီဇာတ်ကားလေးကတော့ တစ်နှစ်ကို စာသင်ကြားရင်း ၁ထရီလီယံ ရှာနိုင်လို့ “၁ ထရီလီယံတန် အမျိုးသား”လို့‌တောင် တင်စားကြပြီးတော့ ပုဂ္ဂလိကပညာရေးလောကရဲ့ BTSလို့တောင် ဆိုနိုင်တဲ့ အရမ်းကို တော်ပြီး နာမည်‌ကျော်ကြားတဲ့ ဆရာတစ်ယောက်နဲ့ ယခင်က နိုင်ငံ့လက်ရွေးစင် လက်ပစ်ဘော ကစားသမားဖြစ်ခဲ့ပြီးတော့ လက်ရှိမှာတော့ “နိုင်ငံ့လက်ရွေးစင် အရံဟင်း”ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်‌နေတဲ့ အမျိုးသမီးတစ်ဦးအကြား ကြည်နူးဖွယ် ဝမ်းနည်းဖွယ်တွေ ရောနှောနေကြတဲ့ အချစ်ဇာတ်လမ်းလေးကို နောက်ခံထားပြီး ဖန်တီးထားပါတယ်.. ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ BTS‌ လောက်နီးနီး ရေပန်းစားတဲ့ Choi Chi Yeolက အလုပ်လည်း အလွန်ကြိုးစားပြီးတော့ စာသင်ကြားရာမှာလည်း ကျောင်းသားတွေရဲ့ အာရုံကို ဆွဲဆောင်ပြီး သင်ကြားတတ်တဲ့ ဆရာ‌တစ်ယောက်ဖြစ်တယ်… လူအများကြားမှာ ‌နာမည်ကျော်ကြား ရေပန်းစားတဲ့ ဆရာတစ်ယောက်အဖြစ် ကြွယ်ဝချမ်းသာမှုတွေ ကျော်ကြားမှုတွေ တိုးလာ‌သလောက် လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့သူတွေလို ခပ်တန်းတန်းပဲ ဆက်ဆံတတ်လာတယ် ဒီလို နာမည်ကျော်ဆရာတစ်ယောက်နဲ့ စိတ်လှုပ်ရှားလွယ်တဲ့ စားသောက်ဆိုင် ပိုင်ရှင် အမျိုးသမီးတို့ဆုံတွေ့ကြတဲ့အခါမှာ ဘယ်လို ခါးသက်သက် ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်..