Movie Name
My School President (2022)
Year
2022
Generes
Drama, Romance
Code
ST0722
Type
Series
Size
5.50 GB
Country
Thai
Description
1-12 Completed My School President / ဥက္ကဋ္ဌလေး ကျွန်တော့်ချစ်သူ (2022) (အညွှန်း) =========================== တစ်ကားလုံးဆင်တဲ့ နောက်ထပ် ကျောင်းတွင်း BL series အသစ်လေးလာပါပြီ။ ဂီတကိုရူးသွပ်ပြီး ကျောင်းတွင်းဂီတကလပ်မှာ သူငယ်ချင်းတွေနဲ့အတူတူတီးဝိုင်းထောင်ထားတဲ့ .. “ဂန်း”။ ပုံမှန်ကျောင်းတွင်းတီးဝိုင်းတွေဆိုရင် ကိုလူချောတွေအပြည့်နဲ့ ကျောင်းသူလေးရဲ့သည်းသည်းလှုပ်ခြင်းကိုခံရတာထုံးစံဆိုပေမယ့် “ဂန်း” တို့ရဲ့တီးဝိုင်းအဖွဲ့ကတော့ ဗရုတ်သုတ်ခတွေလုပ်လွန်းလို့ ကျောင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ကျောင်းအုပ်အပြောင်းအလဲဖြစ်သွားပြီး အသစ်တက်လာတဲ့ကျောင်းအုပ်က ကျောင်းကိုသိက္ခာချမယ့်ကလပ်တွေကို ဖျက်သိမ်းမယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ ကျောင်းတွင်းကလပ်တွေနဲ့ပတ်သက်တာမှန်သမျှ လုပ်ပိုင်ခွင့်ရှိတဲ့ “ကျောင်းရဲ့သမဂ္ဂဥက္ကဌ” အသစ်တစ်ယောက် ရွေးချယ်ဖို့ဖြစ်လာရာကနေ ဘက်စုံထူးချွန်တဲ့ “တင်” က သမဂ္ဂဥက္ကဌရာထူးကိုရသွားပါတော့တယ်။ “တင်” က ဂီတကလပ်ဖျက်သိမ်းရေး/ မဖျက်သိမ်းရေးအတွက် အဓိကတာဝန်ရှိသူဖြစ်လာပြီးတော့ ဆန့်ကျင်ဘက်နှစ်ဖက်မှာရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်စမ်းရန်ပွဲလေးတွေက ဘယ်လိုတွေအူယားစရာကောင်းဦးမလဲဆိုတာကို သီချင်းကောင်းကောင်းလေးတွေနားဆင်ရင်း စောင်ကိုက်နိုင်အောင် တင်ဆက်ပေးလိုက်ကြောင်းပါနော်