-
Movie Name
-
I Want A Dog For Christmas Charlie Brown (2003)
-
Year
-
2003
-
Generes
-
Animation, Family
-
Code
-
AN0566
-
Type
-
Movie
-
Size
-
601 MB
-
Country
-
Hollywood
-
Description
-
I Want a Dog for Christmas, Charlie Brown (2003)
====================================
IMDb Rating – 7.0/10
“Peanuts” ဆိုတဲ့ကာတွန်းတွေထဲက ချာလီဘရောင်းဆိုတဲ့
ကောင်လေးနဲ့ သူ့ရဲ့အချစ်တော်ခွေးလေးစနူပီဆိုတာကို တော်
တော်များများပဲသိကြမှာပါ။ သူတို့နဲ့အတူ သူငယ်ချင်းတွေဖြစ်
ကြတဲ့ လူစီတို့၊ လိုင်းနပ်စ်တို့ကိုပါတွဲမြင်ကြတယ်ဟုတ်။ ဒီ “I
Want a Dog for Christmas, Charlie Brown” ဆိုတဲ့ဇာတ်
လမ်းလေးထဲမှာတော့ လူစီနဲ့လိုင်းနပ်စ်တို့ရဲ့မောင်ငယ်လေး
ရီရန်းလ်ကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ ဒါပေမယ့်လည်း
သူ့ဇာတ်ကြောင်းအပြင် တခြားရယ်စရာ၊ ကြည်နူးစရာလေးတွေနဲ့
အချစ်တော်ခွေးလေးစနူပီရဲ့မိသားစုအကြောင်းလေးတွေပါ တစ်ပိုင်း
တစ်စပါတော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ပုဒ်ဆိုတာ
တော့သေချာပါတယ်။
ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ရီရန်းလ်ဆိုတဲ့ကောင်လေးဟာ
တစ်နေ့တစ်နေ့ သူ့အမေစက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီး
နေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ဘုဂလန့်အစ်မဖြစ်သူလူစီနဲ့၊
စောင်တကားကားနဲ့အလုပ်ရှုပ်နေတတ်တဲ့အစ်ကိုဖြစ်သူ လိုင်းနပ်စ်တို့
အကြောင်းတွေလိုက်မေးတာပဲခံနေရတာတွေကနေစိတ်ညစ်ငြီးငွေ့နေ
ရတာပေါ့။ အဲဒီမှာ ချာလီဘရောင်းနဲ့သူ့ခွေးလေးစနူပီတို့ကိုမြင်တော့
အားကျမိပြီး ရီရန်းလ်တစ်ယောက် သူနဲ့အတူတူဆော့ပေးနိုင်မယ့်ခွေးလေး
တစ်ကောင်လိုချင်လာပါတယ်။ ဒီတော့လည်း မကြာခင်ကျရောက်တော့မယ့်
ခရစ္စမတ်စ်ပွဲတော်မှာ ဆန်တာကလော့စ်ဘိုးဘိုးကြီးကိုစာရေးပြီးပူဆာဖို့
ကြံမိတယ်ပေါ့။
ပြဿနာက သူ့အမေကလည်း ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်ဆိုပြီး
ခွေးမွေးခွင့်ကိုဘယ်လိုမှမပြုသလို အစ်မလူစီကလည်း ဆန်တာကလော့စ်
ဆိုတာ မိဘဖြစ်သူတွေသဘောမတူတဲ့အရာကိုလာပေးမှာမဟုတ်ဘူးဆိုပြီး
ပြောတော့ ရီရန်းလ်လေးမှာစိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း
ဆီခဏခဏသွားသွားပြီး စနူပီနဲ့ဆော့ဖို့ခေါ်တာကများများနေတော့ သူ့ကို
ရှောင်ချင်နေကြပြန်သေးတယ်။ ဒီတော့ နောက်ဆုံးမှာ ရီရန်းလ်တစ်ယောက်
သူ့ကိုယ်ပိုင်ခွေးလေးရသွားမလား၊ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကို ဒီဇာတ်
ကားလေးကို ပျော်ပျော်ပါးပါးလေးကြည့်ရင်းအဖြေရှာကြည့်ကြည့်လိုက်ပါဦး။