Movie Name
Marlowe (2022)
Year
2022
Generes
Crime, Thriller
Code
EN2255
Type
Movie
Size
880 MB
Country
Hollywood
Description
Marlowe (2022) ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ The Postman Always Rings Twice တို့က Jessica Lange နဲ့ National Treasure အပြင် Inglourious Basterds ထဲက ဂျာမန်သွေးနှောအလှလေး Diane Kruger တို့ ပါပါတယ်။ စိတ်ဝင်စားစရာ စုံထောက်ကားမို့ အားလုံးကြိုက်ကြမှာပါ။ စုံထောက်ကားကိုမှ Neo-noir ကားဆိုတော့ Neo-noir ကားတွေ ကြိုက်တဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ စုံထောက်ကြီးမာလိုဟာ ရဲတပ်ဖွဲ့ကနေ ပြဿနာတက်ပြီး ထွက်လိုက်ရလို့ ပင်စင်မရဘဲ အလွတ်စုံထောက်လုပ်စားနေရတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကလဲယားဆိုတဲ့ မိန်းမလှသူဌေးမလေးတစ်ယောက်က အလုပ်အပ်လာပါတယ်။ သူ့ရဲ့အငယ်အနှောင်းချစ်သူ နီကိုပီတာဆန်ဆိုတဲ့လူ ပျောက်ဆုံးမှုပါပဲ။ အစကတော့ သူ့ကိုပလစ်သွားတဲ့ဘဲကို လိုက်ရှာပေးရုံပဲထင်မိပေမဲ့ လူသတ်မှုတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်တော်ပုံတွေကြားထဲက ရောက်သွားပြီး လျို့ဝှက်ချက်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါ…