Movie Name
The Brothers Bloom (2008)
Year
2008
Generes
Action, Comedy
Code
EN2269
Type
Movie
Size
944 MB
Country
Hollywood
Description
2008 ကထွက်ရှိခဲ့တဲ့ comedy ကားလေးပါ။ မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့ Bloom တို့ဟာ ငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီး အစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီး ညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။ နှစ်‌တွေကြာပြီးမှာတော့ Bloom ညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူ တစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ကုန်ပါတော့တယ်။ ဒါရိုက်တာ Rian Johnson ရိုက်ကူးထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Adrien Brody, Mark Ruffalo, Rachel Weisz တို့ပါ၀င်ထားပါတယ်။