Movie Name
Star Trek Picard (S1)
Year
2020
Generes
Action, Adventure, Drama
Code
SE0026
Type
Series
Size
3.50 GB
Country
Hollywood
Description
Star Trek လို့ဆိုလိုက်တာနဲ့ စတားဖလိ၊ ဖယ်ဒရေးရှင်း၊ အန်တာပရိုက်စ်၊ ရိုမြူလန်၊ ကလင်းဂွန်ဆိုတာတွေ ခေါင်းထဲတန်းဝင်လာကြမှာပါ။ Star Trek franchise က အနာဂတ်ခေတ်ရဲ့ အာကာသခရီးသွားကိစ္စတွေအကြောင်း၊ ဂြိုဟ်သားအင်ပါယာတွေအကြောင်း၊ ခေတ်လွန်နည်းပညာတွေအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ပြနေတဲ့ Franchise ကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ၊ စီးရီးပေါင်းများစွာ ထွက်ရှိထားခဲ့ပြီဖြစ်ပြီး ယခုထပ်မံထွက်ရှိလာတာကတော့ Star Trek: Picard ဆိုတဲ့အမည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး Jean-Luc Picard ရဲ့ နောက်တစ်ဖန်စွန့်စားခန်းတွေကို ရိုက်ကူးတင်ပြထားတဲ့ စီးရီးပါပဲ။ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးပစ်ကာ့၊ စပျစ်ခြံထဲမှာ အေးဆေးအနားယူနေရသော်လည်း ဘဝကို အသက်မဲ့စွာ ဖြတ်သန်းနေရတဲ့သူတစ်ယောက်။ ဒီလို လူပိုသက်သက်တစ်ယောက် ဖြစ်နေရတာကို ငြီးငွေ့လာတဲ့သူဆီ အမျိုးသမီးငယ်လေးတစ်ယောက် ရောက်လာခဲ့တယ်။ လာသူက သူနဲ့မသိကျွမ်းဖူးပါပဲ သူကို အကူအညီ လာတောင်းတဲ့သူ။ သူ ကူညီနေတုန်းမှာပဲ သူ့မျက်စိရှေ့တင် အသတ်ခံလိုက်ရတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းတွေအကြောင်း၊ ဆင်သက်တစ်အသက်လို့ခေါ်တဲ့ အဆင့်လွန်စက်ရုပ်လူသားတွေအကြောင်း အကုန်သိလာရပြီး အရှုပ်ထုပ်ကြီးထဲကို ဝင်ပါရတော့တာပဲ။