Movie Name
Beasts Of The Southern Wild (2012)
Year
2012
Generes
Drama, Fantasy
Code
EN2278
Type
Movie
Size
800 MB
Country
Hollywood
Description
Beasts of the Southern Wild (2012) ~ IMDb – 7.2/10, RT – 86%, Meta – 86% ~ ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့… လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့… “အို… ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ… ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ… ဘာကိုများ မှုနေရဦးမလဲ…” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား… ဝေးသေးတယ်။ အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ… ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ဟက်ရှ်ပက်ပီကို ယောက်ျားလေးတစ်ယောက်လို၊ တောတွင်းသူတစ်ယောက်လို နေတတ်ထိုင်တတ်စားသောက်တတ်ဖို့၊ ဘယ်သူ့မှ အားကိုးစရာမလိုအောင် သူသင်ပေးတယ်။ မုန်တိုင်းကြီးရောက်လာပါပြီ။ သူ အရှေ့ထွက်ပြီး ဒီမုန်တိုင်းကို ရင်ဆိုင်တယ်။ ကိုယ့်အိမ်ကိုယ်ယာကို ချစ်တတ်သူ မိတ်ဆွေတစ်စုနဲ့ မုန်တိုင်းကြားထဲ ကြံ့ကြံ့ခံနေတယ်။ ရေတွေတက်လာလဲ လှေပေါ်တက်ပြီး မျှောနေကြတယ်။ အဆင်ပြေသလို နေကြတယ်။ ကိုယ့်ဒေသလေးမို့ ဘာနေနေ ပျော်စရာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ရက်ကြာလာတော့ သူတို့ အခက်တွေ့ရပြီ။ စားစရာရှားလာပြီ။ နေထိုင်ဖို့ ခက်ခဲလာပြီ။ အစိုးရက ဒီနယ်မြေကနေ အမြန်စွန့်ခွာကြဖို့ သတိပေးတယ်။ အိမ်ချစ်သူတစ်စုဟာ ဒီနေရာလေးကိုပဲ မက်မက်မောမော ဖက်တွယ်နေကြ… မစွန့်ခွာရက်ကြ… စားစရာ၊ နေစရာပေးပါမယ်… ဒုက္ခသည်စခန်းကို လာပါဆိုတာတောင် မသွားချင်ကြ… ဒေသချစ်စိတ်နဲ့ အခက်အခဲဒုက္ခတွေရဲ့ လွန်ဆွဲပွဲမှာ ဘယ်လိုတွေ ဆက်ဖြစ်လာကြမှာလဲ… သေမယ်ဆိုရင်တောင် ကိုယ့်တဲကုပ်လေးထဲမှာပဲ ခေါင်းချသွားချင်တဲ့ သူတို့… ဟက်ရှ်ပက်ပီတစ်ယောက် လောကကြီးထဲမှာ ဘယ်လိုတွေ ဆက်လက်ရှင်သန်ဖို့ ကြိုးစားမလဲ… ဒါတွေကို Beasts of the Southern Wild ဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပြီး ဒီထဲက ဇာတ်ဆောင်ကလေးတစ်ယောက်ဖြစ်တဲ့ ဟက်ရှ်ပက်ပီနေရာက မင်းသမီးလေး ဝယ်လစ်ဟာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပဲ ၉နှစ်အရွယ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်ဝင်တဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး မင်းသမီး ဖြစ်လာခဲ့တာပါ။