-
Movie Name
-
Deadly FLower (2023)
-
Year
-
2023
-
Generes
-
Action, Drama
-
Code
-
CN0585
-
Type
-
Movie
-
Size
-
1.01 GB
-
Country
-
China
-
Description
-
တရုတ်နိုင်ငံကို ဂျပန်တွေ အုပ်စိုးစဥ် အချိန်ကာလ ၁၉၃၁ ခုနှစ်
ဝန်းကျင်အချိန်မှာ တရုတ်ပြည်သူတွေအားလုံးဟာ ဂျပန်တွေရဲ့
နှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါတယ် ။
ဒီလိုအခြေအနေတွေ အကြပ်ရိုက်နေစဥ်မှာ ကိုယ့်ရဲ့ဂုဏ်သက္ခာကို
ရောင်းစားပြီး ဂျပန်လက်အောက်ခစားကြတဲ့
သစ္စာဖောက်တွေကလဲ ပေါ်ပေါက်လို့ လာခဲ့ချေပါတယ် ။
အဲဲဒီအထဲမှာ မြို့တော်ဝန် ကျန်းဝမ်လင် ဆိုသူဟာလဲ အပါအဝင်ပါပဲ ။
မြို့တော်ဝန် ကျန်းဝမ်လင် ရဲ့ ဇနီးဖြစ်သူဟာ ယောကျာ်းဖြစ်သူရဲ့
လုပ်ပုံကိုင်ပုံတွေကို အလိုမကျဖြစ်ကာ လုပ်ကြံတော်လှန်ဖို့အထိ
ကြံစည်လာခဲ့ပါတယ် ။ ဒါပေမဲ့ မြို့တော်ဝန်ကျန်းဝမ်လင် နဲ့
သူ့ရဲ့ ဂျပန်အပေါင်းအပါတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့
မအောင်မြင်ခဲ့ချေပါဘူး ။ အဲတာကြောင့် အမွှာသမီးနှစ်ယောက်ကိုခေါ်ကာ
ထွက်ပြေးဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ပဲ
အမွှာသမီး ၂ ယောက်ဟာ တစ်ကွဲစီ ကွဲပြားသွားခဲ့တဲ့အခါမှာတော့ …?
❏ အကြီးဖြစ်သူ သမီးလေးဟာဆိုရင် ဂျပန်တော်လှန်ရေးအဖွဲ့မှာ
ပါဝင်ဦးဆောင်နေပြီး ဖခင်ဖြစ်သူကို လုပ်ကြံဖို့ ကြံစည်နေတဲ့အခါ ?
❏ တစ်ဖက်မှာလဲ အငယ်ဖြစ်သူ သမီးမှာတော့ ဖခင်ရဲ့
ချစ်သမီးလေးအဖြစ်ရှင်သန်နေပြီး ဂျပန်ရဲ့ လက်အောက်မှာ ရှိနေတဲ့အခါ ?
မတူညီတဲ့ အမွှာညီမနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာ ဘယ်လိုဆက်ပြီးဖြစ်ကြမှာလဲ ။
မတူညီတဲ့ လမ်းကြောင်းနှစ်ခုပေါ်က အမွှာညီအစ်မတွေ
ပြန်လည်ဆုံတွေ့နိုင်ပါ့မလား ။ ရက်စက်လှတဲ့ဂျပန်တပ်တွေနဲ့
ဖခင်ဖြစ်သူကိုရော ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ
စိတ်ဝင်တစားကြည့်ရှုရန်အတွက် ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော်