Movie Name
Eliminate Evil Speedsters (2023)
Year
2023
Generes
Action, Crime
Code
CN0586
Type
Movie
Size
1.04 GB
Country
China
Description
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးဟာဆိုရင် ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးခဲ့ကြတဲ့ လင်ယန် ဦးဆောင်သော အထူးရဲတပ်ဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် တရုတ်နိုင်ငံအတွင်းမှာ ဓားပြတိုက် လုယက်မှုတွေနဲ့အတူ ရက်စက်စွာသတ်ဖြတ်မှုတွေကိုလဲ တွေ့ကြုံနေရပါတယ်။ ဒါပေမဲ့ကျူးလွန်သွားတဲ့တရားခံဟာ ခြေရာခံဖို့ခက်ခဲလွန်းသည့်အတွက်ကြောင့် ဖမ်းဆီးဖို့အတွက် မဖြစ်နိုင်ခဲ့ပါဘူး ။ တစ်နေ့မှာ လင်ယန် ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဟာ တရားခံကို ဖမ်းဆီးနေစဥ်အတွင်း ဖမ်းမိခါနီးလက်မတင်လေးအလိုမှာ လွတ်မြောက်သွားခဲ့တာကြောင့် လင်ယန်တစ်ယောက် ယူကျုံးမရဖြစ်ကာ အပြစ်ရှိသလို ခံစားနေခဲ့ရရှာပါတော့တယ် ။ ဒီလိုနဲ့ ကိုယ့်လက်ထဲကနေလွတ်မြောက်သွားတဲ့ ဒုစရိုက် တရားခံကို ပြန်လည်ဖမ်းဆီးဖို့အတွက် အသစ်တစ်ဖန် အစီအစဥ်ဆွဲကာ အမှုကို လိုက်ခဲ့ရမှာတော့ ….? ❏ တကယ့်တရားခံအစစ်အမှန်ကို သူတို့တွေ့ရှိနိုင်ပါ့မလား ? ❏ သတ်ဖြတ်မှုတွေ လုယက်ခံရသူတွေ အစရှိတဲ့ နစ်နာသူတွေအတွက် တရားမျှတမှူရော သူတို့တွေရှာဖွေပေးနိုင်ပါ့မလား ? ❏ အသက်စွန့်လွှတ် ပေးဆပ်မှုတွေပါ ကြုံလာရာတဲ့အခါမှာတော့ သူတို့အဖွဲ့ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်ပါနော်