Movie Name
My Sweet Professor (2023)
Year
2023
Generes
Drama, Romance
Code
CN0587
Type
Movie
Size
978 MB
Country
China
Description
ခွဲခွာခြင်းတစ်ခုမှာ ပိုနာကျင်ရတဲ့လူကဘယ်သူဖြစ်မလဲ။ ချစ်ရက်နဲ့ထားခဲ့ရတဲ့လူကလား...ထားခဲ့ခံရတဲ့လူလား... ခွဲခွာလို့ နာကျင်ခံစားရတာတွေအတွက် အပြစ်တင်ရမှာ ကံတရားကိုလား...ဘဝပေးအခြေအနေကိုလား... ကောင်းယွမ်ဆိုတာက စာတော်ပြီးကြိုးစားတဲ့ အတန်းခေါင်းဆောင်လည်းဖြစ်တဲ့ ဟိုက်ပါလေးတစ်‌ယောက်ပေါ့။ ဟိုက်ပါလေးဆိုတော့လည်း သူ့မှာရင်းနှီးရတဲ့သူငယ်ချင်းဆိုလို့ လျန်ချီဆိုတဲ့ကောင်မလေးတစ်ယောက်သာရှိပါတယ်။ ဒီအချိန်မှာ သူတို့ရဲ့ဘဝထဲကို ရုတ်တရက်ရောက်လာတာကတော့ ဂျစ်ကန်ကန်နဲ့ အတန်းထဲအမြဲအိပ်နေတတ်တဲ့ ကျောင်းသားသစ်ကောင်ဇိုးလေး ဟော့ရှန်း ဟိုက်ပါနဲ့ဂျစ်တူးဆိုတော့လည်း အစပိုင်းမှာ မျက်နှာကြောမတည့်ကြပေမဲ့လည်း လျန်ချီက ဟော့ရှန်းကိုကြိတ်ကြွေနေတာကတစ်ကြောင်း၊ ဟော့ရှန်းရဲ့သနားစရာဘဝကိုသိသွားတာကတစ်ကြောင်းနဲ့ သူတို့နှစ်ယောက် အချစ်ဆုံးသူငယ်ဂျင်းတွေ ဖြစ်သွားကြပါတယ်။🌚 ဒီလိုနဲ့ တစ်နေ့မှာ မပြောမဆိုနဲ့ ထွက်သွားခဲ့တဲ့ဟော့ရှန်း၊ ဟော့ရှန်းထွက်သွားလို့ နိုင်ငံခြားထွက်သွားတဲ့ လျန်ချီတို့ကြောင့် ကောင်းယွမ်တစ်ယောက်တည်း အထီးကျန်ပြီး ကျန်နေခဲ့ရတဲ့အခါ... ၈ နှစ်ကြာပြီးမှ ဒေါက်တာ ကောင်းယွမ်နဲ့ လူနာဟော့ရှန်းတို့အဖြစ် ပြန်လည်ဆုံတွေ့ရဖို့ ဖြစ်လာချိန်မှာတော့ အေးစက်သွားပြီဖြစ်တဲ့ သူတို့ကြားကဆက်ဆံရေးကို ဟော့ရှန်းတစ်ယောက် ပြန်အသက်ဝင်အောင်လုပ်နိုင်မှာလား။ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက အရောင်ပြောင်းစပြုနေတဲ့ သူငယ်ချင်းဆက်ဆံရေးက ၈ နှစ်ကြာပြီးချိန်မှာရော ဆက်ပြီးတော့ ဖြူစင်နေဦးမှာလား.. ဒါမှမဟုတ် love sparkလေးတွေ အစပြုလာမလားဆိုတာကို CVies Channel ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။