Movie Name
ရွှေမင်းသမီးရဲ့ဒဏ္ဍာရီ (Mae Ai Sae Eun) (2018)
Year
2018
Generes
Drama, Romance
Code
ST0729
Type
Series
Size
11.5 GB
Country
Thai
Description
1-16 Completed Cast စွန်ဖွန်အဖြစ် Om Akkaphan Namart ဒေါင်နင်အဖြစ် Pooklook Fonthip Watcharatrakul ကျိဒါဖာအဖြစ် KiewKoi Kwankawin Thamrongratthased အညွှန်း ............... ဒေါင်နင်..... လှပပြီး ဖြူစင်လွန်းတဲ့ တောကမိန်းမလှလေးတစ်ဦးပါ သူမဟာ လန်နာဇာတ်ဆရာခမ်ပန်ရဲ့ သမီးဖြစ်ပြီး ဓားအကရေးရာမှာထူးချွန်လှသူပဲဖြစ်ပါတယ် သို့ပေမယ့်လဲ ပြိုင်ဖက်အဖွဲ့ နန်မူရမ်တို့က သူမတို့အဖွဲ့ကို ပွဲငှါးမယ့်သူမရှိအောင် လိုက်ပိတ်ပင်ပြီး ဇာတ်အဖွဲ့ပျက်စီးအောင်လုပ်ပါတယ်။ ဒေါင်နင်ကို တိတ်တခိုးချစ်‌နေသူ သူကြီးသား အိုက်ထွန် အကူညီကြောင့် ချင်းမိုင်မြို့က ဖွင့်ကာစ ဟိုတယ်ကြီးတစ်ခုမှာ ကပြခွင့်ရခဲ့ပြီး သူငယ်ချင်းဟိုတယ်ဖွင့်ပွဲလာတဲ့ ဘန်ကောက်မြို့ကစီးပွားရေးလုပ်ငန်းရှင် စွန်ဖွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါင်နင်က စွန်ဖွန်ကို မြင်မြင်ချင်းချစ်မိပေမယ့် စွန်ဖွန်ကတော့ ဂရုမပြုမိပါ။ စွန်ဖွန်တွင် ချစ်ရသူ ကျိဒါဖာရှိသောကြောင့်ပဲဖြစ်ပါတယ်။ နန်မူရမ်ရဲ့ ကောက်ကျစ်မှုတွေကြောင့် ဒေါင်နင်တို့ဇာတ်ဖွဲ့ လုံးဝပျက်စီးသွားခဲ့ရပြီး ဒေါင်နင် အလုပ်လုပ်မှဖြစ်မယ့် အခြေနေရောက်လာတော့ပါတယ် ဘန်ကောက်မြို့မှာ အလုပ်လုပ်နေတဲ့ဝိလိုင်က မယ့်အိုင်ရွာကို အလည်ရောက်လာတာနဲ့ကြုံကြိုက်ပြီး ဒေါင်နင်ကို သူမနဲ့အလုပ်လုပ်ရန်မြှူဆွယ်ပါတယ်။ ဒေါင်နင်လဲ မိမိဘဝကံဆိုးမိုးမှောင်ကျတော့မှာကိုမသိပဲ လိုက်သွားမိပါတော့တယ်။ ဝိလိုင်က ဒေါင်နင်ကို Spaရုံတစ်ခုမှာရောင်းစားခဲ့ပါတယ်။ ဒေါင်နင်ရဲ့ အလိုမပါမှုတွေကြောင့် spaကလူမိုက်‌တွေ နှိပ်စက်တာခံရပါတယ်။အမတစ်ယောက် အကူညီဖြင့် ထွက်ပြေးပြီး Barတစ်ခုတွင် အရက်သောက်ဖော် မိန်းကလေးအဖြစ် အလုပ်လုပ်ရပြီး အရင်အလုပ်လောက်မဆိုးပေမယ်လဲ သူမအတွက် နေသာထိုင်သာရှိသွားတော့ပါတယ်။ Barမှာ အလုပ်လုပ်နေရင်း အသည်းကွဲနေတဲ့ စွန်ဖွန်နဲ့ပြန်တွေ့ပြီး ဘယ်လိုတွေဆက်နွယ်မှု‌တွေရှိလာမလဲ??? သူမဘဝက အခြေနေတစ်ခုထဲမှာပဲ ရပ်တန့်မနေပဲ ကံကြမ္မာ အတက်အကျ အလှည့်အပြောင်းတွေကြောင့် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ချင်းမိုင်မြို့ရဲ့ အလှအပ ယဉ်ကျေးမှုတွေနဲ့ ဘာသာစကားကိုပါ ကြည့်ရှု ခံစားခွင့်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။