Movie Name
The Starry Love (ကြယ်စင်လွန်းတဲ့ချစ်ကြိုးမျှင်) (ကြယ်နှစ်စင်းရဲ့ ချစ်ပုံပြင်) (2023)
Year
2023
Generes
Drama, Historical, Romance
Code
SC0619
Type
Series
Size
13.8 GB
Country
China
Description
1-40 Completed အလွဲလေးတွေ ကြားထဲကနေပေါက်ဖွားလာတော့မယ့် ချိုမြိန်သောချစ်ခြင်းများ” လူသားမျိုးနွယ်စုရဲ့ ဘုရင်မကြီးဟာ ထူးဆန်းစွာနဲ့ပဲအမွှာမင်းသမီးငယ်လေး နှစ်ဦးကိုမွေးဖွားခဲ့ပါတယ် ။ အမွှာညီအစ်မတွေဆိုပေမဲ့လို သူတိုနှစ်ဦးရဲ့ ကံကြမ္မာတွေကတော့ တူညီခြင်းမရှိခဲ့ပါဘူး ။ ❏ နူးညံ့သိမ်မွေ့လှပြီး မျိုးနွယ်စုတွေရဲ့ အားပေးထောက်ခံမှုတွေကို ရရှိကာ နတ်ဘုရားမျိုးနွယ်စုရဲ့ မိဖုရားအဖြစ်တင်မြှောက်ဖိုရွေးချယ်ခြင်းခံရတဲ့ အစ်မဖြစ်သူ – ချင်းခွေ ❏ ဉာဏ်ကောင်းပြီးထက်ထက်မြတ်မြတ်ရှိပေမဲ့လဲ မျိုးနွယ်စုတွေရဲ့ အနိုင်ကျင့်မှုကို ခံရကာ နတ်ဆိုးမျိုးနွယ်ရဲ့ မိဖုရားအဖြစ်တင်မြှောက်ဖို ရွေးချယ်ခြင်းခံရတဲ့ ညီမငယ်လေး – ယဲ့ထင် အမွှာညီအစ်မတွေဖြစ်ပေမဲ့ ကံတရားခြင်းကွာခြားလှတဲ့ ညီအစ်မနှစ်ယောက်ဟာ နတ်ဘုရားလောကနဲ့ နတ်ဆိုးလောက တို အတူတူလက်ဆက်ပွဲကျင်းပနေစဥ်အတွင်း မတော်တဆ မင်္ဂလာဝေါယာဥ်မှားကာ အလွဲလွဲ အမှားမှားတွေ ဖြစ်ကုန်ပါတော့တယ် ။ ဒီလိုနဲ့ ညီမငယ်ဖြစ်သူ ယဲ့ထန်ဟာ နတ်ဘုရားလောကကိုရောက်ရှိသွားပြီး နတ်သား ရွှမ်ရှန်းကျွင်း နဲ့ မေတ္တာမျှဖို အကြောင်းဖန်လာခဲ့ပါတော့တယ် ။ တစ်ဆက်ထဲမှာပဲ အစ်မဖြစ်သူ ချင်းခွေကတော့ နတ်ဆိုးလောကကို ဝင်ရောက်သွားခဲ့ပြီး နတ်ဆိုးလောကရဲ့ မင်းသား ၃ အရမ်းချစ်မြတ်နိုးရတဲ့ စစ်တုရင်အရုပ်လေးသဖွယ် ဖြစ်လာခဲ့ပါတော့တယ် ။ ဒီလိုနဲ့ပဲ စုံတွဲ ၂ တွဲဟာ အလွဲလွဲအမှားမှားတွေကို ကျော်ဖြတ်ပြီး ချစ်ခြင်းမေတ္တာလေးတွေ တိုးပွားလာခဲ့ပေမဲ့ သူတိုဆီကို အန္တရာယ်ဆိုးကြီးကျရောက်လာမှာကိုတော့ မသိရှာခဲ့ပါဘူး ။ လောကနယ်ပယ်လေးရပ်ရဲ့ ရှင်သန်ခြင်း ပျက်ဆီးခြင်းလျှိဝှက်ချက်ဟာ အမွှာညီအစ်မနဲ့ သက်ဆိုင်နေခဲ့တဲ့အကြောင်း မသမာသူတွေ သိရှိသွားပြီး အမွှာညီအစ်မကို သတ်ပြစ်ဖို ကြိုးစားလာခဲ့ကြတဲ့အခါမှာတော့….? ❏ အမွှာညီအစ်မ နှစ်ဦး ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေကြားထဲကနေ ဒီအန္တရာယ်ကြီးကို ရင်ဆိုင်နိုင်ပါ့မလား ? ❏ ညီအစ်မတွေအတူတူ နောက်ဆုံးအခြေအနေအထိ သတ္တိရှိရှိရင်ဆိုင်ကျော်ဖြတ်ပြီး အမှောင်ထုကိုဖြိုခွင်းကာ အလင်းကိုဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်လမ်းတွဲလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။