-
Movie Name
-
Lara Ati (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
OT0089
-
Type
-
Movie
-
Size
-
817 MB
-
Country
-
Others
-
Description
-
Lara Ati (2023)
ကျွန်တော်တို့မှာ ပြန်တွေးလိုက်တိုင်း ရင်ထဲကိုနွေးသွားစေတဲ့ မပိုင်ဆိုင်ခဲ့ကြရတဲ့ငယ်ချစ်ဦးဆိုတာ ရှိကြတယ်နော်
ငယ်ချစ်ဦးနဲ့ပဲ ပြန်ဆုံတွေ့ကြပြီး သူတို့တွေကကျွန်တော်တို့နဲ့အကြောင်းပါကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ
အဲဒါအပြင် ကျွန်တော်တို့တွေ အိမ်ကလုပ်ခိုင်းလို့ အဖေကြောင့် အမေကြောင့် ဘာကြောင့်ညာကြောင့်အမျိုးမျိုးကြောင့်
ကိုယ်တိုင်မလုပ်ချင်တဲ့အလုပ်တွေ မတက်ချင်တဲ့ကျောင်းတွေကိုတက်ရတဲ့အချိန်တွေရှိကြပါတယ်
အဲလိုသူများကြောင့်လုပ်ရတဲ့အချိန်တွေကနေရုန်းထွက်ပြီး ကိုယ်ဝါသနာပါရာနောက်ကို
ကောက်ကောက်ပါအောင်လိုက်ဖို့ဆိုတာက လက်တွေ့မှာတော့ မလွယ်ကူဘူးဗျ
ဇာတ်လမ်းအကျဉ်းလေးကတော့ ရည်းစားဟောင်းတွေက ဘာကြောင့်မှန်းမသိပဲနဲ့ ဖြတ်သွားပြီး
မိဘတွေကြောင့်ဘဏ်တစ်ခုမှာလစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့ဂျိုကိုဆိုတဲ့ကောင်လေးက
သူ့ရဲ့ကောင်မလေးဖာရက်က တခြားတစ်ယောက်နဲ့စေ့စပ်သွားလို့ အသည်းကွဲသွားတဲ့အချိန်မှာ
ဂျိုကိုရဲ့ငယ်သူငယ်ချင်းအာယူနဲ့ ပြန်တွေ့ကြတဲ့အချိန်မှာ အသည်းခွဲသွားတဲ့ဖာရက်နဲ့ပဲပြန်အဆင်ပြေကြမလား
ငယ်သူငယ်ချင်းဖြစ်တဲ့အာယူနဲ့ပဲရည်ငံသွားကြမလားဆိုတာကို
ဒီအင်ဒိုနီးရှားRomance ဇာတ်ကားလေးမှာ ဂျိုကိုတစ်ယောက်မိဘလောင်းရိပ်အောက်ကနေရုန်းထွက်ပုံတွေ
ဝါသနာပါရာအလုပ်ကိုရွေးသွားပုံတွေကို ဇာတ်ကားတစ်ခုလုံးပြုံးပြုံးကြီးနဲ့ ကြည်နူးစရာကောင်းကောင်းလေးကြည့်ရမယ်ဆိုတာတစ်ခုတော့ အာမခံပါတယ်ဗျာ