-
Movie Name
-
Devil In Law (ဒိတ်ဒိတ်ကြဲချွေးမ) (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
ST0730
-
Type
-
Series
-
Size
-
10.2 GB
-
Country
-
Thai
-
Description
-
1-17 Completed
“ယောက္ခမနဲ့ချွေးမစစ်ပွဲ” မြန်မာစာတန်းထိုး
နွတ်ဖနိုင် အဖြစ် Pon Nawasch
ဖာဝနီ အဖြစ် Nychaa Nuttanicha
နိတ်ဒေါင်ဝ် အဖြစ် Pear Pitchaya
နွန်စမွမ် အဖြစ် Noi Butsakorn
လလိတာ အဖြစ် Lorena Schuett
ဆီကန်ဒါ အဖြစ် Ice Athichanan
ဇာတ်လမ်းအကျဉ်း
ဆီကန်ဒါက သာမန်လူတန်းစားမိသားစုက လာတာဖြစ်ပြီး မိဘတွေ သဘောမတူတဲ့ကြားက နာမည်ကြီး အထက်တန်းစားမိသားစုရဲ့ သားဖြစ်သူ နွတ်ဖနိုင်နဲ့ လက်ထပ်ကာ သားလေးတစ်ယောက်မွေးဖွားထားသူ ဖြစ်ပါတယ်
မောက်မာလွန်းတဲ့ ယောက္ခမဖြစ်သူ နှိပ်စက်သမျှကို ခံရပေမဲ့ ခင်ပွန်းဖြစ်သူ စိတ်ပင်ပန်းရမစိုးလို့ မျိုသိပ်နေခဲ့သူ ဆီကန်ဒါတစ်ယောက် ယောက္ခမရဲ့ နှိပ်စက်မှုအောက်မှာ မတော်တဆဖြစ်ကာ ဆုံးပါးခဲ့ရတယ်
မဆုံးခင် ညီမဖြစ်သူ ဖာဝနီလက်ထဲကို သားဖြစ်သူကို အပ်ခဲ့ရာမှ ဖာဝနီဟာ အစ်မဖြစ်သူအတွက် လက်စားချေဖို့ အကြံနဲ့ တူလေးကို စိတ်မချဘူးလို့ ဆင်ခြေပေးရင်း ခဲအိုဟောင်းဖြစ်သူ နွတ်ဖနိုင်ကို ဟန်ဆောင်လက်ထပ်ကာ အိမ်ကြီးထဲကို ဝင်ရောက်လာပါတော့တယ်
အစ်မဖြစ်သူအတွက် လက်စားချေရင်း ယောက္ခမဖြစ်သူ နွန်စမွမ်ရဲ့ မျက်နှာဖုံးကို ဖယ်ချချင်နေတဲ့ ဖာဝနီ
မောက်မာလွန်းပြီး သားဖြစ်သူအတွက် ဇနီးအထိရွေးပေးချင်ကာ အနိုင်ကျင့်တတ်လွန်းသူ ယောက္ခမကြီး နွန်စမွမ်
ဆီကန်ဒါကို မကယ်လိုက်နိုင်တဲ့ ဝမ်းနည်းစိတ်ကြောင့် ဖာဝနီနဲ့ သားဖြစ်သူကို ကာကွယ်ချင်သူ နွတ်ဖနိုင်
သူတို့တွေကြား ဘာတွေဆက်ဖြစ်လာမလဲ
အစ်မဖြစ်သူနဲ့မတူ ထက်မြက်ပြီးရဲတင်းတဲ့ ဖာဝနီနဲ့ အမြဲအာဏာပြတတ်တဲ့ နွန်စမွမ်တို့ ဘယ်လိုတွေ အားပြိုင်မလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်