-
Movie Name
-
23 23 (2023)
-
Year
-
2023
-
Generes
-
Action, Sci-Fi, Thriller
-
Code
-
ST0734
-
Type
-
Series
-
Size
-
8.64 GB
-
Country
-
Thai
-
Description
-
ဒုရဲအုပ် ဝင်း အဖြစ် Nonkul Chanon
ရဲမှူး ရိဆာ အဖြစ် Pancake Khemanit
ရဲအုပ်ယွက်ချိုင် အဖြစ် Krit Shahkrit
ဒီဇာတ်လမ်းကတော့ ၂၀၁၆ ခုနှစ်က ပြသခဲ့တဲ့ Signal ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း
ရဲအုပ်ယွက်ချိုင်က တရားမျှတမှုကို လိုလားသူဖြစ်ပြီး ကိုင်တွယ်ရသမျှ အမှုတိုင်းကို ကြိုးကြိုးစားစား စုံစမ်းတတ်သူ တစ်ယောက်လည်း ဖြစ်တယ်
၂၀၀၁ ခုနှစ်မှာတော့ နွိုင်းနာဆိုတဲ့ကလေးလေး ပြန်ပေးဆွဲခံရပြီး သတ်ခံရတဲ့ အမှုကို ယွက်ချိုင်တစ်ယောက် တာဝန်ယူခဲ့ရတယ်
အမှုမှန်ပေါ်ပေါက်ဖို့အတွက် ချစ်ရသူ ရိဆာကိုပါ ပစ်ပယ်ထားခဲ့တဲ့ ယွက်ချိုင်တစ်ယောက် အမှု စုံစမ်းနေရင်း ၂၀၀၁ မှာပဲ ပျောက်ဆုံးသွားခဲ့ပါတော့တယ်
နှစ်၂၀ ကြာပြီးနောက် ရဲတွေကို ပေါ့ဆတယ်လို့ အပြစ်တင်နေတတ်တဲ့ ဒုရဲအုပ်ဝင်းဆိုတဲ့ လူငယ်လေးတစ်ယောက်က 23:23 အချိန်မှာ ရေဒီယိုဟောင်းတစ်ခုကို ကောက်ရပြီး လွန်ခဲ့တဲ့ နှစ်၂၀ က ရဲအုပ်ယွက်ချိုင်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်
ရဲအုပ်ယွက်ချိုင်ပေးတဲ့ အချက်အလက်တွေအရ ဝင်းက လွန်ခဲ့တဲ့နှစ်၂၀က ကလေးပြန်ပေးဆွဲအမှုရဲ့ အဓိကသက်သေတွေကို ပြန်တွေ့ခဲ့ပါတယ်
သက်သေတွေအပြင် ဝင်းက အဲဒီအမှုရဲ့ တရားခံကို မြင်ဖူးတဲ့ တစ်ဦးတည်းသော သက်သေဖြစ်နေခဲ့ပြီး ရဲမှုးရိဆာနဲ့တူတူ အခက်အခဲတွေကြားက အမှုမှန်ပေါ်နိုင်စေမလား
23:23 ချိန်ရောက်တိုင်း အတိတ်က ရဲအုပ်ယွက်ချိုင်နဲ့ ဘာကြောင့် ဆက်သွယ်လို့ရနေခဲ့တာလဲ
ရိဆာရဲ့ ချစ်ရသူ ယွက်ချိုင်ကရော လွန်ခဲ့တဲ့ နှစ်၂၀ က ဘယ်ကိုပျောက်ကွယ်သွားခဲ့ရတာလဲ
ရဲအုပ်ယွက်ချိုင် အကူအညီနဲ့
ရဲမှူးရိဆာ၊ ဒုရဲအုပ်ဝင်းတို့ အတိတ်ကမပြီးဆုံးခဲ့တဲ့ အမှုပေါင်းများစွာကို ဖြေရှင်းနိုင်မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်