-
Movie Name
-
Young Guns (1988)
-
Year
-
1988
-
Generes
-
Action, Drama
-
Code
-
EN2344
-
Type
-
Movie
-
Size
-
876 MB
-
Country
-
Hollywood
-
Description
-
Young Guns (1988)
ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။
၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ပြီး သူ့ခြံမှာအလုပ်ပေးထားတယ်။ သူက ခိုင်းစားရုံမဟုတ်ဘဲ စာဖတ်ဘာညာပါသင်ပေးပြီး စာတတ်ပေတတ် သေနတ်သမားလေးတွေဖြစ်လာအောင် လုပ်ပေးခဲ့တယ်။ အဲဒီအချိန် အဲဒီနေရာမှာ သူ့ပြိုင်ဘက် ပိုအင်အားကြီးတဲ့ မာဖီလို့ခေါ်တဲ့ ခြံရှင်တစ်ပွေရှိသေးတယ်။ သူက ဂျွန်ကို မျက်စိစပါးမွှေးဆူးနေတယ်။ ဆူးဆို စီးပွားပြိုင်ဘက်ကိုး။ ပင်လယ်ရေဆိုတာ ခပ်သောက်မကုန်ပေမဲ့ ကမ်းစပ်မှာ ဆားချက်ပြီးရောင်းရင်တော့ သူ့ဆားနဲ့ကိုယ့်ဆား ပြိုင်ရောင်းရမှာကိုး။ ပြိုင်ဘက်မရှိတာ အကောင်းဆုံးပဲဆိုတော့ မာဖီ့လူတွေက ဂျွန့်ကိုသတ်ချလိုက်တယ်။ ဒီကားက အနောက်ပိုင်းတရားလက်လွန်မဖြစ်သေးခင်ကနေ ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတဲ့ အချက်ကို ပါးပါးလေးပုတ်ထားတာဆိုတော့ တရားဥပဒေနည်းနည်းပိုပါသေးတယ်။ တရားသူကြီးတစ်ပွေရှိတယ်။ ဝီလ်ဆန်တဲ့။ မာဖီ့ဘက်မှာ ရဲမှူးကရှိနေတော့ တရားသူကြီးလည်း ဒီအမှုကိုဘာမှလုပ်မရဘူး။ ရှေ့နေက တရားသူကြီးကို မဟုတ်တမ်းတရမ်း အကြံပေးတယ်။ အဆိပ်ကို အဆိပ်နဲ့ပဲတိုက် ဆရာ… လူမိုက်တွေကိုရှင်းဖို့ လူမိုက်တွေကို လိုတယ်ဆိုပြီး ဂျွန်လက်သပ်မွေးထားတဲ့ ၂၀ မပြည့်သေးတဲ့ သေနတ်သမား စောက်ကလေးတွေကို ဝရမ်းပေးပြီး ကြည့်ရှင်းခိုင်းလိုက်တယ်။ ဟိုကလည်း ဖမ်းသွားပါဆိုပြီး အဖမ်းမခံတော့ ဆော်ကြပစ်ကြနဲ့ ဘီလီသောက်ကလေးဆိုပြီးဖြစ်လာမယ့်ဘဲက ဖမ်းရမယ့်ကောင်တွေကို ပစ်သတ်ချလိုက်တယ်။ အဲဒီနောက် သူတို့နာမည်ကြီးလာရော။ ဒါပေမဲ့ သူတို့ကို စစ်တပ်ကရော မာဖီ့လူတွေကရော လိုက်ဖမ်းကြတဲ့အခါမှာတော့…
Billy the Kid အဖြစ် The Breakfast Club တို့၊ The Outsiders တို့လို ဂန္ထဝင် Coming of Age ရုပ်ရှင်တွေက သရုပ်ဆောင် Emilio Estevez က သရုပ်ဆောင်ထားပါတယ်။ 3 အနေနဲ့လာမယ့်ကားထဲမှာတော့ Billy the Kid နေရာဟာ ခုလတ်တလော ရုပ်ရှင်ပရိသတ်တွေအကြိုက် မင်းသားတစ်လက်ဖြစ်တဲ့ Barry Keoghan ဖြစ်ပါလိမ့်မယ်။