Movie Name
Freeze (2022)
Year
2022
Generes
Horror, Thriller
Code
EN2350
Type
Movie
Size
441 MB
Country
Hollywood
Description
အင်္ဂလန်ရေတပ်စစ်သ‌င်္ဘောကြီး HMS Innsmouth ရဲ့ ကပ္ပတိန် Mortimer ဦးစီးတဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့သုံးနှစ်ကအာတိတ်ဒေသမှာ ပျောက်ဆုံးသွားတဲ့ မိတ်ဆွေဖြစ်သူ ကပ္ပတိန် Striener နဲ့အပေါင်းအပါတွေကို ရှာဖွေဖို့ အာတိတ်ဒေသကိုရွက်လွှင့်ခဲ့ကြပါတယ်။ အလိုရှိရာဒေသကိုမရောက်ခင်မှာပဲ သင်္ဘောပေါ်ကို မိန်းမတစ်ယောက်ခိုးလိုက်လာတာ သိလိုက်ရပြီး မကြာခင်မှာပဲ HMS Innsmouth သင်္ဘောကြီးလည်း ရေခဲနဲ့တိုက်မိပြီးရပ်သွားရပါတယ်။ သင်္ဘောရပ်နေချိန်မှာ အဖွဲ့သားတွေဟာ ထူးဆန်းတဲ့သတ္တဝါတွေကို ကြုံတွေ့ရတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် အသက်ရှင်နိုင်ရေးအတွက် ရုန်းကန်ဖို့ဖြစ်လာရပါတော့တယ်။ အေးခဲလှတဲ့ အာတိတ်ဒေသမှာ Innsmouth သင်္ဘောကြီးရဲ့အမှုထမ်းတွေ ရာသီဥတု အငတ်ဘေးနဲ့ ထူးဆန် တဲ့အကောင်တွေရဲ့ရန်ကို ဖြတ်ကျော်ဖို့ကြိုးစားကြတာကို ကြည့်ရှုရမှာပါ။