-
Movie Name
-
Ginger & Rosa (2012)
-
Year
-
2012
-
Generes
-
Drama
-
Code
-
EN2361
-
Type
-
Movie
-
Size
-
726 MB
-
Country
-
Hollywood
-
Description
-
~ IMDb – 6.2/10, Rotten Tomatoes – 78% ~
ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောကတွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။
ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။
ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ထုဆစ်ဆဲပဲလေ။ တစ်အူထုံဆင်း ညီအစ်မအရင်းတွေထက်တောင် သာနိုင်တဲ့အချစ်မျိုးနဲ့ ချစ်ခဲ့ကြသူနှစ်ယောက်… ဂျင်းဂျာ နဲ့ ရိုဆာ။ မိဘချင်းက မိတ်ဟောင်းဆွေဟောင်းကြီးတွေ။ ဒီ နုနုငယ်ငယ်ကလေးမနှစ်ယောက်က အရွယ်နဲ့မတန်တဲ့ လုပ်ဆောင်ချက်ကြီးတွေကို လူငယ်ပီပီ မှားမှားယွင်းယွင်း လဲလဲကွဲကွဲ လုပ်နေကြပုံတွေ ကြည့်ရှုရမှာပေါ့။
ဟောဒီဗြိတိန်ဇာတ်ကားလေးက ပြည်တွင်းရုပ်ရှင်ဆုတွေ၊ သရုပ်ဆောင်ဆုတွေ၊ ပညာရှင်ဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ ရရှိထားပြီး အထူးသဖြင့် လူငယ်သရုပ်ဆောင်တွေကို ချီးကျူးထားပါတယ်။
Maleficent ဇာတ်ကားထဲက မင်းသမီးလေး အော်ရိုရာ ကို မှတ်မိမယ်ဆိုရင်ဖြင့် ဟောဒီအမေရိကန်မင်းသမီးလေး Elle Fanning ရဲ့ အနောက်ဆန်တဲ့အလှနဲ့ မှော်ဆန်ဆန်သရုပ်ဆောင်မှုကို ဂျင်းဂျာ ဆိုတဲ့ကောင်မလေးအဖြစ် မြင်ရဖို့ရှိပါတယ်။ Alice Englert ဆိုတဲ့ ဩစတေးလျမင်းသမီးချောလေးရဲ့ အရှေ့ဆန်တဲ့အလှနဲ့ ပြေပြစ်တဲ့သရုပ်ဆောင်မှုကိုလည်း ရိုဆာ ဆိုတဲ့ အချစ်သူရဲကောင်းမလေးအဖြစ် ကြည့်ရှုရပါမယ်။
ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ ကျန်တဲ့မဟာမိတ်နိုင်ငံတွေအချင်းချင်း ရန်စောင်နေကြသဗျ။ နျူဒုံးကျည်တွေကိုယ်စီနဲ့ အစွယ်တပြပြလုပ်နေကြတော့ နျူကပ်ဘေးကြောင့် ကမ္ဘာပျက်တော့မလိုလိုကာလပေါ့ဗျာ။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကိုယ်စီက မွေးဖွားလာတဲ့ကောင်မလေးနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာတွေက ကမ္ဘာ့အရေးထက် ပိုကြီးတယ်လို့ သူတို့တွေထင်မှတ်ထားကြသလားမသိ။ အဖေ ကို အဖေလို့ ခေါ်ခွင့်မရတဲ့ ကောင်မလေးဂျင်းဂျာ ရယ်၊ အဖေခေါ်စရာကို မရှိတော့တဲ့ကောင်မလေး ရိုဆာ ရယ်၊ အချစ်ဆုံးသူငယ်ချင်းကို အချစ်ဆုံးသူပေးလိုက်ရတဲ့ ဂျင်းဂျာ၊ သူငယ်ချင်းအပေါ်ကို အဆုံးအထိ သစ္စာမဲ့ စာနာတရားမဲ့ခဲ့တဲ့ ရိုဆာ တို့ရဲ့ ဇာတ်ရှုပ်တွေကို လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့လေ။