-
Movie Name
-
Gandhada Gudi (2022)
-
Year
-
2022
-
Generes
-
Documentary, Drama
-
Code
-
IND0687
-
Type
-
Movie
-
Size
-
937 MB
-
Country
-
Bollywood
-
Description
-
Gandhada Gudi 2022
IMDb 9.2/10
Documentary /Drama
အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့
ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့
ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။
ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူ
အာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကို
ခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။
ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့
မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့
လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။