Movie Name
Chang Can Dunk (2023)
Year
2023
Generes
Drama, Family, Sport
Code
EN2376
Type
Movie
Size
239 MB
Country
Hollywood
Description
~ IMDb – 6.4/10, Rotten Tomatoes – 95% ~ 2023 ဒီလထဲမှာမှ လတ်လတ်ဆတ်ဆတ် Disney+ က​နေထွက်ထားတဲ့ အားကစား လူငယ်ဒရာမာကား​လေးနဲ့မိတ်ဆက်​​ပေးလိုက်ပါတယ်။ ၁၆ နှစ်အရွယ် အရပ် ၅​ပေ ၈လက်မ အာရှလူမျိုး ချန်း။ အာရှမိသားစုက ဆင်းသက်လာသူပီပီ အိမ်ကအ​မေက စာကိုပဲတစ်စိုက်မတ်မတ်လုပ် ပညာ​ရေးဘက်ကို အားသန်​နေ​သော်လည်း မိမိကိုယ်တိုင်က ဘက်စကက်​ဘောအားကစားကိုရူးသွပ်​နေတဲ့ ချန်းတစ်​ယောက်… အရပ် ၅​ပေ ၈လက်မဆိုတာ ဘက်စကက်​​ဘောအားကစားအတွက် ​သိပ်​ဘောင်မဝင်တာ​ကြောင့် မတ်ရဲ့ အနိုင်ကျင့်မှု​တွေ နှိမ်တာ​တွေကို ခံ​​နေရတဲ့ချန်း… တစ်​နေ့ ​ကျောင်းသူအသစ် ခရစ်စတီ ​ကျောင်းကို​ရောက်လာ​တော့ ချန်းနဲ့ မတ် အပြန်အလှန် ပိုးပန်းရင်း မခံချင်စိတ်နဲ့ ဘက်စကက်​ဘောအားကစားနည်းမှာ အခက်ခဲဆုံးနည်းတစ်ခုဖြစ်တဲ့ ခုန်သွင်းနည်း(Dunk) ကို လုပ်နိုင်မလုပ်နိုင် မတ်နဲ့​လောင်းလိုက်မိတဲ့အခါ… မတ်နဲ့ စိန်​ခေါ်ထားတာကို လုပ်နိုင်ဖို့ နည်းပြရှာရင်း ယူကျူ့​​ပေါ်က ဒီရွန်းဒ​ရေးနဲ့​တွေ့တဲ့အခါ ဘယ်လို သ​ဘောတူညီမှု​တွေလုပ်လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ​နောက်ဆုံး တကယ် လုပ်နိုင်သွားလား ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို လူငယ်ဆန်ဆန် ​ပေါ့​ပေါ့ပါးပါး​လေးကြည့်ရမယ့်ကား​လေးတစ်ကားဖြစ်ပါတယ်။