-
Movie Name
-
Kokdu Season Of Deity (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
SKR0801
-
Type
-
Series
-
Size
-
6.83 GB
-
Country
-
Korea
-
Description
-
1-16 Completed
Kokdu : Season of Deity (2023)
Fantasy Drama တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်
“သေမင်းနဲ့ ဆရာဝန်မလေးတို့ရဲ့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်တဲ့
Kokdu: Season of Deity ကို တင်ဆက်ပေးလိုက်ပါပြီ။
ဘုရားသခင်ရဲ့ အမျက်တော်ရှခြင်းကို ခံလိုက်ရတဲ့ Kok-Du (Kim Jung-Hyun) ဟာ
သူ့လုပ်ရပ်အတွက် အပြစ်ဒဏ်အနေနဲ့ သေမင်းတစ်ပါးအဖြစ်ကို ပြောင်းလဲခံလိုက်ရပါတယ်။
ဒီလိုနဲ့ ကမ္ဘာကြီးပေါ်က သေဆုံးပြီးသားသူတွေကို လမ်းပြပေးရင်း
သွေးအေးရက်စက်တဲ့ သေမင်းအဖြစ် ၉၉ နှစ်ကြာပြီးတဲ့နောက်မှာတော့
Kok-Du ဟာ လူ့ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရပြီး ကမ္ဘာမြေပေါ်ကို ရောက်ရှိလာရပါတော့တယ်။
တစ်ဖက်မှာတော့ Han Gye-Jeol (Lim Soo-Hyang) ဟာ
အဆင့်အနိမ့်ဆုံးဆေးတက္ကသိုလ်ကနေဘွဲ့ရထားတဲ့ ဆရာဝန်မလေးတစ်ဦးပါ။
ဘယ်သူမှဂရုစိုက်မယ့်သူမရှိတဲ့ အနှိမ်ခံမိဘမဲ့ဘဝနဲ့ နေထိုင်လာခဲ့ရင်း
သေမင်း Kok-Du နဲ့ အမှတ်မထင်တွေ့ဆုံလိုက်ရတဲ့အခါမှာတော့…။
ပြစ်ဒဏ်သင့်နေတဲ့ သေမင်းတစ်ပါးနဲ့ အထီးကျန်နေတဲ့ဆရာဝန်မလေးတို့ရဲ့ ဘဝဟာ
ဘယ်လိုမျိုးတစ်မျိုးတစ်ဖုံပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
မင်းသား Kin Jung-Hyun ရဲ့ Comeback Drama ဖြစ်သလို
Lim Soo-Hyang နဲ့ Cha Chung-Hwa တို့လို နာမည်ကြီးမင်းသမီးတွေ ပါဝင်ထားတာမို့ တကယ်ကြည့်ကောင်းမယ့် ဇာတ်ကားတစ်ကားပါပဲ။