Movie Name
Cyber Heist (2023)
Year
2023
Generes
Drama, Thriller
Code
CN0597
Type
Movie
Size
1.45 GB
Country
China
Description
ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။ နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် – ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ကိစ္စတွေတွေရှုပ်ထွေးနေစဥ်မှာပဲ ထျန်းကျီမှနည်းပညာရှင် ကျိုးကျားကျွင့်ဟာလဲ ကြိုးကိုင်သူရဲ့ ကြော့ကွင်းထဲကို ကျရောက်သွားပြီး ရောဂါသည်သမီးလေးရဲ့ အသက်အန္တရာယ်တွေအထိ ခြိမ်းခြောက်မှုတွေ ခံလာခဲ့ရတဲ့ အခါမှာ? ကျိုးကျားကျွင့်တစ်ယောက် သူတတ်တဲ့ နည်းပညာတွေနဲ့ ဘယ်လိုပြန်လည် တိုက်ခိုက်မှာလဲ ? အထင်လွဲမှားမှူတွေ လှည့်စားမှုတွေကြားကနေပြီး သမီးငယ်လေးကို ကယ်တင်ကာ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲ ? ဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ နည်းပညာတိုးတတ်နေတဲ့ခေတ်ကြီးမှာ AI နည်းပညာတွေကို သုံးပြီး ဘယ်လိုတွေ မိမိုက်စွာနဲ့ ပဟေဋိပုစ္ဆာတွေကို ဖြေရှင်းသွားမလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော်