Movie Name
Hunger (2008)
Year
2008
Generes
Biography, Crime, Drama
Code
EN2390
Type
Movie
Size
470 MB
Country
Hollywood
Description
ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊ အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်… ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး… Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ