Movie Name
The Cheese Sisters (2022)
Year
2022
Generes
Drama, Romance
Code
KR0362
Type
Movie
Size
1.04 GB
Country
Korea
Description
The Cheese Sisters (2022) အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလို့ ထင်ကြလဲ? ပန်းပွင့်လေးတွေလား၊ လိပ်ပြာလေးတွေလား? ဒီကားထဲမှာတော့ အချစ်ဆိုတာ အရောင် အနံ့ အရသာ ပုံစံမျိုးစုံနဲ့ ချိစ်လေးတွေလိုပါတဲ့။ ဒီလိုချိစ်လေးတွေ ကိုယ့်ဆီရောက်လာဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်တဲ့။ ၁. နွားနို့ကို ကွာလတီကောင်းအောင် သေချာညှစ်ယူမယ် ၂. ချိစ်လုပ်မယ် ၃. ရလာတဲ့ချိစ်တွေကို ဆိုင်တွေဆီတင်ပို့ရမယ် ၄. ချိစ်လေးတွေကို ကိတ်မုန့်အသွင်ပြောင်းပြီး ကိုယ်ပေးချင်တဲ့သူဆီ လက်ဝယ်အပ်မယ် ဒီဇာတ်ကားထဲက ပရန်ပြောသလိုဆိုရင် ချိစ်ဆိုတာဖြစ်လာအောင် အဆင့်ဆင့်ကြိုးစားကြရသလိုမျိုး အချစ်ဆိုတာဟာလည်း အလားတူပါပဲတဲ့။ ဒီကားလေးထဲမှာတော့ နွားနို့ဘဝကနေ ချိစ်ကိတ်မုန့်တုံးလေး လက်ထဲရောက်လာတဲ့အချိန်အထိ timeline တလျှောက်ဖြစ်ပေါ်လာတဲ့ မိန်းကလေးတို့ကြားက ချစ်ခြင်းတရားတွေကို မြင်တွေ့ရမှာပါ။ ပထမအဆင့် – ကွာလတီကောင်းတဲ့နွားနို့ရအောင် နွားခြံပိုင်ရှင်ကောင်မလေးဖန်းနဲ့ သူ့သူငယ်ချင်းဖွန်တို့ရဲ့ ရုန်းကန်လှုပ်ရှားပုံ၊ ဒုတိယအဆင့် – ချိစ်လုပ်တဲ့သင်တန်းပိုင်ရှင်သမီး နောင်းနဲ့ အိမ်ရဲ့ဒဏ်မခံနိုင်လို့ ‌နောင်းတို့ရဲ့ဧည့်ရိပ်သာဆီရောက်လာတဲ့ အိုင်ရင်းတို့ရဲ့လက်ရာ ချိစ်လေး၊ တတိယအဆင့် – ချိစ်ကိုမြို့ပေါ်တင်ပို့ရမယ့် Delivery သမားပရန်နဲ့ လမ်းကြုံလိုက်လာတဲ့ တစ်ချိန်ကမြတ်နိုးရသူ မြူတို့ အတိတ်ကချစ်ခြင်းကိုတူးဆွမိသွားတဲ့ ခရီးလမ်းရှည်နဲ့ နောက်ဆုံးအဆင့် – ရလာတဲ့ချိစ်ကို အချစ်တွေအပြည့်နဲ့ချိစ်ကိတ်အဖြစ်ပုံဖော်ရင်း ကော်ဖီဆိုင်ပိုင်ရှင်မလေးဖတ်ကို ချစ်ရေးဆိုမယ့် အိမ်နီးချင်းမလေးမယ်ဂျီတို့ရဲ့ GL ဇာတ်‌လမ်းတို ၄ ပုဒ်ကို ကြည့်ရှုရမှာပါ။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး BNK48 နဲ့ CGM48 အဖွဲ့ဝင်တွေ မင်းသမီးတွေအနေနဲ့ ကိုယ်တိုင်တင်ဆက်ပြသထားတဲ့ “ချိစ်ဆန်တဲ့အချစ်” ဆိုတာ ဘာလဲဆိုတာကိုတော့ ကိုယ်တိုင်လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။