Movie Name
Who Killed Our Father (2023)
Year
2023
Generes
Thriller
Code
EN2393
Type
Movie
Size
700 MB
Country
Hollywood
Description
Who Killed Our Father? (2023) လေလာရဲ့ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။ အဖေဘယ်သူဝါမှန်းမသိတဲ့အပြင် အမေဖြစ်သူကလည်းဆေးစွဲနေပြီး အိမ်ပြန်တလှည့် မပြန်တလှည့်နေရာကနေ လေလာအသက် ၁၀ နှစ်လောက်မှာဆေးလွန်ပြီးသေသွားခဲ့တယ်။ ဆုံးရှူံးမှုတွေနဲ့မစိမ်းတဲ့လေလာဟာ သူ့ရဲ့တစ်ဦးတည်းသောအခင်တွယ်ရဆုံး မွေးစားအစ်မအိုင်းရစ်ကိုလည်း ဆုံးရှူံးလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ လေလာဟာ သူ့ရဲ့အဖေရင်းကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်။ DNA စစ်ဆေးချက်ရလဒ်အရ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် စကော့တ်ဟာရတ်ရဲ့သမီးဖြစ်နေတာတွေ့ခဲ့ရတယ်။ တဆက်တည်းမှာပဲ သူ့အဖေရဲ့ထူးဆန်းတဲ့သေဆုံးမှုကိုပါသိလိုက်ရပါတော့တယ်။ လေလာဟာ သူ့အဖေကိုသတ်တဲ့တရားခံကိုဖော်ထုတ်ဖို့ဆန္ဒရှိနေတယ် ဒါ့အပြင် သူ့ရဲ့တစ်ဦးတည်းသောသွေးသား ဖအေတူမအေကွဲညီမ ဗွိုင်အိုလက်နဲ့လည်းစောင့်ရှောက်ပေးချင်တာကြောင့် အတ္တလန်တာကနေ ဖီလစ်ဒဲဖီးယားကိုထွက်လာခဲ့တယ်။ အသက်ငယ်ငယ်မှာ မိဘနှစ်ပါးလုံးကိုဆုံးရှူံးလိုက်ရတဲ့စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူ့ကိုမှမယုံဘဲ မာကြောခက်ထန်နေတဲ့ ဗွိုင်အိုလက်က လေလာ့ကိုလက်ခံပါ့မလား။ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့နီးကပ်လာတဲ့သူတို့နှစ်ယောက်ကို ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။ Mystery ကိုမှ မိသားစု Drama ပါတဲ့ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ဖို့ ရွေးချယ်ချင်စရာ ဇာတ်ကားတစ်ကားဖြစ်ပါလိမ့်မယ်။