Movie Name
I Am Not A Robot
Year
2017
Generes
Fantasy, Romance, Sci-Fi, Thriller
Code
SKR0053
Type
Series
Size
2.32 GB
Country
Korea
Description
အခုတစ်ပါတ်ကစတင်ပြီး အပါတ်စဉ်ဗုဒ္ဓဟူး ကြာသပတေးနေ့များမှာ MBC ရုပ်သံလိုင်းက ထုတ်လွင့်ပေးမယ့် နာမည်ကျော် မင်းသား Yoo Seung Ho ရဲ့ I am not a Robot –Fantasy Romance ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်ထဲမှာပဲနာမည်ရလာတဲ့ တက်သစ်စ မင်းသမီးလေး Chae Soo Bin နဲ့တွဲဖက်ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကတော့ King 2 Heart, Arang and the Meritage, Goddness of fire, Single cunning lady, She was pretty, W- two worlds အစရှိတဲ့ MBC ရုပ်သံလိုင်းအတွက် နှစ်စဉ် လိုလို နာမည်ကျော် Fantasy Romance ဇာတ်လမ်းကောင်းတွေ ဖန်တီးရိုက်ကူးပေးတဲ့ ဒါရိုက်တာ Jung Dae Yoon ဖြစ်တာကြောင့်လည်း ဒီဇာတ်ကားကို ကိုးရီးယားပရိသတ်တော်တော်များများ မျှော်လင့်နေခဲ့တဲ့ဇာတ်ကားလေးပါ။ Channal Myanmmar မှ ကိုးရီးယားပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့……. ကင်မင်ဂျူး ( Yoo Seung Ho)…. ကတော့ ကျိကျိတက်ချမ်းသားပြီးလိုလေသေးမရှိပြည့်စုံတဲ့ ဥစ္စာပေါရုပ်ချော လူပျိုလေးတစ်ဦးပါ။ ဒါပေမယ့်လောကကြီးမှာ အကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ အရာရာ ပြည့်စုံနေတယ်လို့မရှိပါဘူး။ လူတိုင်းကတော့ လိုအပ်ကိုယ်စီရှိနေကြစမြဲပါပဲ။ ဒီသဘောတရားအတိုင်းပဲ သူ့မှာလည်း ရှားရှားပါးပါး ချွတ်ယွင်းချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ ဓါတ်မတည့်တဲ့ရောဂါရှိနေတာပဲ ။ တစ်ချို့က ခွေးတွေကြောင်တွေနဲ့ ဓါတ်မတည့်ကြပေမယ့် သူကတော့ အရမ်းကို ရှားရှားပါးပါး လူတွေနဲ့ ဓါတ်မတည့်တာပဲ။ တခြား လူအသားအရည်နဲ့ ထိမိလိုက်တာနဲ့ ဆိုးဆိုးရွားရွားကို အလာဂျစ်ဖြစ်လို့ စစ်မှုထမ်းကင်းလွတ်ခွင့်တောင်ရထားတဲ့သူတစ်ယောက်….လူဖြစ်ပြီးလူတွေနဲ့ ဓါတ်မတည့်တော့ သူ့ဘဝက အရမ်းကို အထီးကျန်လွန်းပါတယ်။ လူတောထဲမသွားနိုင် လူတွေနားမကပ်ရဲနဲ့ ဘုကလန့်ဂွစာလို ဖြစ်နေတော့ပါပဲ ဂျိုဂျီအာ ( Chae Soo Bin)- ရုပ်ရည်ချောမောပြီးစိတ်ရင်းစေတနာကောင်းပေမယ့် သူ့ဘဝကတော့ ခက်ခဲကြမ်းတမ်းပါတယ်။ ပိုက်ဆံရဖို့အတွက် ရရာအလုပ်မျိုးစုံကို လိုက်လုပ်နေရတဲ့မိန်းမလေးတစ်ဦး။ သွက်လက်တယ် အကင်းပါးတယ် သင်လွယ်တတ်လွယ်တဲ့မိန်းကလေး။ သိပ္ပံပညာရှင် ဉာဏ်ကြီးရှင် ဟွန်ဘတ်ဂွန်း ( Uhm Ki Joon) – လူတူစက်ရုပ်ကိုတီထွင်နိုင်တဲ့ ဉာဏ်ကြီးရှင်တစ်ဦး ။ IQ မြင့်တဲ့လူတူစက်ရုပ်မလေး အာဂျီ-၃ ကို တီထွင်နိုင်ခဲ့ပြီး မျက်နှာကိုတော့ သူ့ရည်စားဟောင်း ဂျိုဂျီအာ (Chae Soo Bin )အတိုင်း တစ်ပုံစံတည်း ဖန်းတီးထားခဲ့တယ်။ ဒီစက်ရုပ်မလေးကို အထီးကျန်နေတဲ့ သူဌေးလေး ကင်မင်ဂျူးဆီ ဒေါ်လာသန်းပေါင်းများစွာနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ် ဒီစက်ရုပ်မလေးကို သူ့အိမ်တစ်ရက်ပို့ပြီး စမ်းသပ်ကြည့်လိုကြိုက်ရင် ဝယ်မယ်လို့ ကင်မင်ဂျူး ကလည်း ကြိုက်ရင် တိုင်းတဲ့ဈေးအတိုင်းပေးဝယ်မှာပါ။ စက်ရုပ်ကို မပို့ခင် ဆားကစ်ချို့ယွင်းမှုဖြစ်သွားတဲ့ ပြင်ဆင်နေချိန်မှာ အချိန်မှီပို့ပေးနိုင်ဖို့အတွက် သူ့ရည်စားဟောင်းဆီမှာ အချိန်ပိုင်းအစားထိုးဖို့ အကူအညီတောင်းတဲ့အခါမှာ……. ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။