Movie Name
Great Is The Youth Time (ဆယ်ကျော်သက်အချစ်) (2023)
Year
2023
Generes
Drama, Romance
Code
SC0622
Type
Series
Size
5.21 GB
Country
China
Description
“ငယ်ရွယ်စဥ်အချိန်အခါက အထက်တန်းကျောင်းသားဘဝလေးကို ပြန်လည်လွမ်းဆွတ် သတိရသွားစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်” ❏ ငယ်စဥ်ကတည်းက မိသားစုအတွင်းရေး ပြဿနာတွေကြောင့် စိတ်ထဲမှာ အဖုအထစ်တွေရှိနေပေမဲ့ ထုတ်ပြော/ ရင်ဖွင့်ဖိုအတွက် ဝန်လေးတတ်သူ ၊ နေ့ခင်းအချိန်တွေမှာ အမြဲအိပ်နေတတ်ပြီး ညဘက်တွင်သာ စာတွေလေ့လာတတ်သူ ၊ အနည်းငယ်မောက်မာတတ်ပြီး လေယာဥ်မှူးဖြစ်ချင်တဲ့ ဆန္ဒရှိသူ – ချန်ရှု ❏ အမြဲတမ်းထူးဆန်းတဲ့ အတွေးတွေကိုသာ တွေးလေ့ရှိပြီး ဘယ်သူ့ကိုမှ / ဘယ်အရာကိုမှဂရုမစိုက်တတ်သူလေး ၊ စိတ်အပြောင်းအလဲ မြန်ပြီး သူမလုပ်သမျှဟာ အရာမထင်ဖြစ်လာသူ- ဝူချောင်ချောင် ❏ ပန်းချီဆွဲနေရရင်ကို ကျေနပ်နေတတ်သူ ၊ ဘယ်အရာမဆို နာခံတတ်သူ ၊ မိန်းကလေးတွေနဲ့ သူငယ်ချင်းဖြစ်ဖို လွယ်ကူသူ ၊ အနုပညာနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေမှာ အမြင့်ဆုံးအမှတ်တွေကိုပဲ ရရှိထားသူ – လုနမ်ရှန်း ❏ မိသားစုနောက်ခံ ချမ်းသာပြီး စာတော်သူ ၊ အပြင်ပန်းကြည့်လျှင် နူးညံ့သိမ်မွေ့ကာ နွေးထွေးတတ်တဲ့ ပုံစံနဲ့ရှိတတ်ပေမဲ့ တကယ်တမ်းမှာတော့ မနာလိုစိတ်အနည်းငယ်ရှိတတ်သူ – လျန်အန်းချီ ❏ အရပ်ရှည်ရှည် ဖြောင့်မတ်တဲ့ ပုံစံအနေထားနဲ့အတူ ရေပန်းစားပြီး ၊ ကျောင်းစာက လွဲ၍ ဘယ်အရာမဆို စိတ်ဝင်စားသူ ၊ ပြဿနာကို မီးထွန်းရှာတတ်သူ ၊ ကြီးလာလျှင် E sports ကစားသမားကောင်းတစ်ယောက် ဖြစ်ဖို မျှော်လင့်ထားသူ – ကော်ကျားဟောင် ❏ မိခင်ကိုယ်တိုင်က အတန်းပိုင်ဆရာမဖြစ်တဲ့အတွက်ကြောင့် ဖိအားတွေအများကြီးနဲ့ ရင်ဆိုင်နေရရှာသူ ၊ ရိုးရိုးအေးအေးလေးနေတတ်ပြီး တစ်ခြားသူတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်တတ်သူ ၊ သီချင်းဆိုကောင်းပြီး ဂီတကို ချစ်မြတ်နိုးသူလေး – ကျန်းရှောင်လီ ဒီဇာတ်လမ်းတွဲလေးဟာဆိုရင် အထက်ပါဖော်ပြထားတဲ့ အထက်တန်းဒုတိယနှစ် အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေးတွေ ရဲ့ အခက်အခဲ ၊ ဖိအားတွေ ၊ တွေ့ကြုံခင်မင်ခဲ့တဲ့ အခိုက်အတန့်လေးတွေ ၊ ဆယ်ကျော်သက်သဘာဝ ပေါက်ဖွားလာမဲ့ ရင်ခုန်သံလေးတွေအကြောင်း ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမဲ့ ကျောင်းသားဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဒီတော့ ဖြူစင်လှတဲ့ သူငယ်ချင်းသံယောဇဥ်တွေနဲ့အတူတူ သူတိုလေးတွေဖြစ်ချင်တဲ့ အိမ်မက်နောက်ကို လိုက်ရင်း – ❏ အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်ပါ့မလား ? ❏ မိဘနဲ့ ကျောင်းစာကြားက ဖိအားတွေ တွန်းအားတွေကို သူတိုတွေဘယ်လိုရင်ဆိုင်ကြမှာလဲ ? ❏ နွေးထွေးတဲ့ မေတ္တာတွေနဲ့ အတူတူ သူတိုသူငယ်ချင်းလေးတွေ အချိန်ကြာရှည်စွာနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိသွားနိုင်မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။