Movie Name
Kon Tiki (2012)
Year
2012
Generes
Action, Adventure, Biography
Code
EN2403
Type
Movie
Size
892 MB
Country
Hollywood
Description
Genre – Adventure, Biography IMDB – 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ “မင်းရဲ့ သီအိုရီကို သက်သေပြချင်ရင် ဒီ တီကီဒေသခံတွေ လုပ်ခဲ့သလို ဖောင်တစ်စင်းနဲ့ ပီရူးနိုင်ငံကနေ ပိုလီနီရှားရောက်အောင်သွားပါလားကွ” တဲ့။ ဒီမှာတင် ကိုယ့်ဆရာက အကြံရသွားပြီး သင်္ဘောသားတွေ လိုက်စည်းရုံးတယ်၊ သေမှာလို့ပြောပြီး အငြင်းခံရတယ် ဒါပေမဲ့ မဆီမဆိုင် ရေခဲသေတ္တာရောင်းတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့သွားတယ်။ နောက်ပြီး သူ့ဘော်ဒါတွေဖြစ်တဲ့ ရေဒီယိုသမားနှစ်ယောက်နဲ့ ငယ်သူငယ်ချင်း ပင်လယ်တကယ်ထွက်ဖူးတဲ့လူကို ခေါ်တယ်။ နောက်ဆုံးတစ်ယောက်အနေနဲ့ ကင်မရာအကြောင်းနားလည်တဲ့လူလည်း ထပ်ပါလာတယ်။ လူအင်အားရပြီဆိုတော့ ငွေကြေးအထောက်အပံ့လိုလာပြန်ရော အဲဒီမှာ သောရ်တစ်ယောက် ဘယ်လိုတွေ ရှာဖွေသွားမလဲ၊ ဒီ မိုင် ၅ ထောင်ခရီးစဉ်ကို ဖောင်နဲ့ရောက်အောင်သွားနိုင်ပါ့မလား၊ လမ်းမှာ ဘယ်လိုအခက်အခဲပေါင်းများစွာ ကြုံရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရတဲ့ကားလေးပါ။ သိတဲ့အတိုင်း ပင်လယ်ပြင်အန္တရာယ်ဆိုတာလည်း အစုံ မုန်တိုင်းတွေ ငါးမန်းတွေ လမ်းပျောက်တာတွေ ဝေလငါးတွေ သန္တာကျောက်တန်းတွေနဲ့။ ဇာတ်ကားနာမည် ကွန်တီကီဆိုတာ ဗော်လဆာပင်နဲ့ ပြုလုပ်ထားတဲ့ဖောင်ငယ်လေးပါတဲ့။ သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ တကယ့်မှတ်တမ်းရုပ်ရှင်ကတော့ ၁၉၅၁ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့ပါတယ် ဒါပေမဲ့ ဒီ ပြန်ရိုက်ထားတဲ့ကားကလည်း ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရုပ်ရှင်ဆုအနေနဲ့ စကာတင် ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရှေ့မှာပြောခဲ့သလိုပါပဲ ရေမကူးတတ်ပဲ ပင်လယ်ပြင်ထဲကို မိုင် ၅ ထောင် ဖောင်နဲ့သွားရဲတဲ့ ဘဲကြီးရဲ့ ဖြစ်ရပ်မှန် စွန့်စားခန်းကြီးကတော့ မကြည့်ရသေးရင် လူဖြစ်ရကျိုးမနပ်ဘူးလို့တောင် ပြောချင်ပါသေးတယ်ဗျာ။