Movie Name
Road Home (အချစ်အိမ်ကလေးဆီသို့) (2023)
Year
2023
Generes
Drama, Romance
Code
SC0623
Type
Series
Size
10.8 GB
Country
China
Description
1-30 Completed ယခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့ အလယ်တန်းကျောင်းသားဘဝ အစပြုရင်း ကျောင်းအားကစားကွင်းမှာ မြင်မြင်ချင်း ချစ်မိသွားခဲ့ကြတဲ့ Gui Xiao နှင့် Lu Yan Chen တို၏ အချစ် ဇာတ်လမ်း လေးဖြစ်ပါတယ်။ Gui Xiao နှင့် Lu Yan Chen တိုဟာ အရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာတွေဟာ ပိုမိုခိုင်မာလာပြီး ဘဝသက်ဆုံးတိုင် လက်တွဲဖိုအထိ မျှော်လင့်ထားခဲ့ကြတယ်။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ ဘဝကံကြမ္မာအလှည့်အပြောင်းတွေကြောင့် Gui Xiao ရဲ့မိသားစုအခြေအနေဟာ ပြောင်းလဲခဲ့ပြီး Lu Yan Chen ဟာ ရဲအရာရှိအဖြစ် နိုင်ငံရပ်ခြားကိုရောက်ရှိသွားခဲ့ပါတယ်။ မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် Gui Xiao ဟာလည်း ငွေကြေးလောကရဲ့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ် ကိုရောက်ရှိသွားခဲ့တယ်။ ဒီလိုကံကြမ္မာအလှည့်အပြောင်းတွေကြား ဝေးကွာနေရတဲ့ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဆက်လက်ခိုင်မြဲနေမလား တစ်ဦးပေါ်တစ်ဦး အနေဝေးပြီး သွေးအေးသွားမလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့ သူတွေကတော့ Gui Xiao အဖြစ် မင်းသမီးချော Tan Song Yun နှင့် Lu Yan Chen အဖြစ် မင်းသားချော Jing Bo Ran မှပါဝင်သရုပ်ဆောင်ထားပါတယ်။