-
Movie Name
-
Jesus Revolution (2023)
-
Year
-
2023
-
Generes
-
Drama
-
Code
-
EN2421
-
Type
-
Movie
-
Size
-
858 MB
-
Country
-
Hollywood
-
Description
-
Jesus Revolution (2023)
==================
IMDB -7.4/10
အမေရိကန်သမိုင်းနောက်ခံ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ခုပါ
1966 အစောပိုင်း ဗီယက်နမ် – အမေရိကန်စစ်ပွဲကာလတွေမှာ
ကယ်လီဖိုးနီးယားမှာ စုဝေးမှုကြီးတစ်ခုဖြစ်လာတယ် …
စစ်ကိုဆန့်ကျင်ကြ …ခေတ်အမြင်ကို နားလည်ကြ … သမားရိုးကျဘ၀ကြီးထဲ ဖောက်ထွက်ကြဆိုတဲ့ သမိုင်း၀င်စုဝေးမှုကြီးပေါ့
သူတို့က အဲ့ဒီစုဝေးမှုကနေ “ဟစ်ပီတွေ” လို့ စသိခဲ့ကြတယ် ..
ခြေသလုံးအိမ်တိုင်နေတယ် … ဆေးချတယ် … ဆံပင်အရှည်ကြီးတွေထားတယ်။
ရှေးရိုးစွဲ Conservative အမေရိကန်တွေအတွက်တော့ မျက်စိစပါးမွှေးစူးစရာလူတစ်စုပဲ..
နောက်တော့ လွန်နီဖရစ်စဘီဆိုတဲ့ဟစ်ပီတစ်ယောက်ဟာ 1970-1990 ကျော်ထိ
အမေရိကန်သမိုင်းမှာ အကြီးမားဆုံး woke ဖြစ်စေတဲ့ ဘာသာရေးနိုးထမှုကြီးစတင်ခဲ့တယ် ..
လွန်နီဟာ အဟောပြောကောင်းတဲ့အပြင် ရုပ်ကလည်း ယေရှုနဲ့တူတဲ့အတွက် အားပေးထောက်ခံသူတွေ တစ်စတစ်စများလာခဲ့ပါတယ် …
နောက်ဆုံးမှာတော့ လူသန်းနဲ့ချီတဲ့ စုဝေးမှုကြီး အမေရိကန်သမိုင်းမှာ ဖြစ်လာပါတယ်
ဒီဇာတ်လမ်းဟာ လွန်နီဖရစ်စဘီ နဲ့ သူ့နောက်လိုက် ဂရက်လော်ရီတို့ကို ကျော်ရိုးတည်ထားတာဖြစ်ပြီး
သမိုင်းရုပ်ရှင်နဲ့ 90′ ခေတ်က Culture တွေကို နားလည်ချင်သူတွေအတွက် ဖြစ်စေမှာပါ ။