Movie Name
Linoleum (2022)
Year
2022
Generes
Comedy, Drama, Sci-Fi
Code
EN2422
Type
Movie
Size
802 MB
Country
Hollywood
Description
အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။ တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က သူထိုက်တန်တာကို သက်သေပြဖို့ အခွင့်အရေးရလာပါတယ်။ ဒုံးကျည်ပြုတ်ကျတဲ့အတွက် ကမ်မရွန်တို့အိမ်က အစိုးရလုပ်ပိုင်ခွင့်အောက်ရောက်ပြီး ‌လုပ်စရာတွေမပြီးပြတ်ခင်အထိ အိမ်မှာနေလို့မရပါဘူး။ အဲ့အတွက်သူတို့မိသားစုဟာ ကမ်မရွန်ရဲ့ဇနီး အီရင်နဲ့ ညီမဖြစ်သူအိမ်မှာ ခဏသွားနေရပါတယ်။ အဲဒီရပ်ကွက်မှာပဲ သမီးဖြစ်သူက သူတို့လိုပဲ အိမ်ပြောင်းလာတဲ့ ကျောင်းက အသစ်ကောင်လေးနဲ့ တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ကောင်လေးရဲ့အဖေကတော့ တခြားသူမဟုတ်ဘဲ ကမ်မရွန်နေရာကိုလုသွားတဲ့ ကန့်ရဲ့သားဖြစ်နေပါတယ်။ ကမ်မရွန်ကတော့ ပျက်ကျလာတဲ့ ဒုံးကျည်အစိတ်အပိုင်းကနေ သူ့ကိုယ်ပိုင် ဒုံးကျည်ဆောက်ဖို့ လုံးပန်းနေခဲ့ပါတယ်။ အစပိုင်းမှာ ဇနီးဖြစ်သူက သဘောမတူတဲ့အတွက် စကားများခဲ့ပေမယ့် နောက်တော့ ဇနီးဖြစ်သူကလည်း အတူပါ၀င်ပြီး တည်ဆောက်ခဲ့ကြပါတယ်။ အားလုံးပြီးသွားလို့ လွှတ်တင်မယ့်နေ့မှာတော့ ကမ်မရွန်ဟာ သူ့ဘ၀ဟာ သူထင်သလောက်မရိုးရှင်းဘူးဆိုတာ အမှတ်ရလာပါတော့တယ်။ သူတစ်လျှောက်လုံးထင်နေတဲ့ အရာတွေက တကယ့်ဘ၀မှာ တကယ်ကော ဟုတ်ပါ့မလားဆိုတာကို ရသအစုံနဲ့ ကြည့်ပြီး Plot Twist အကြီးစားကြီးနဲ့အတူ စဉ်းစားခန်း၀င်လို့ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။