Movie Name
A Thousand And One (2023)
Year
2023
Generes
Crime, Drama
Code
EN2437
Type
Movie
Size
837 MB
Country
Hollywood
Description
A Thousand And One (2023) ~ IMDb – 7.2/10, RT – 97%, Meta – 81% ~ ဒီတစ်ခါ မိတ်ဆက်​ပေးမှာက​တော့ 2023 မှာ ထွက်ရှိထားပြီး Rating ​ကောင်း၊ Critics တွေရဲ့ ဝေဖန်မှုကောင်း​တွေ ရရှိထားတဲ့ ဒရာမာကား​လေး A Thousand And One ဆိုတဲ့ဇာတ်လမ်း​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ​ပြောချင်တာ လုပ်ချင်တာ​တွေကို စိတ်ထဲမသိုသိပ်ထားရုံမက အားနာစိတ်မရှိဘဲ လုပ်တတ်တဲ့ အိုင်နက် တစ်ယောက် သူ့သား တယ်ရီကို ​ဂေဟာက​​နေ ပြန်​​ပေးဆွဲပြီး လူမသိသူမသိ​အောင်နာမည်​တွေ​ပြောင်း ​မွေးစာရင်း​တွေ​ပြောင်းပြီး သူတို့​နေစရာအိမ် စားစရာ​တွေ မိသားစုဘဝ ကြိုးပမ်းတည်​ဆောက်ရာမှာ ​ကြုံ​တွေ့ရတဲ့ ကံ​ကောင်းမှု​တွေ ကံဆိုးမှု​တွေ အခက်အခဲ​တွေ ရင်ဆိုင်ရပုံ​တွေကို ထိထိမိမိ ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​လေး ဖြစ်ပါတယ်။ ဇာတ်ကားတစ်​လျှောက် အိုင်နက်ရဲ့ ဇာတ်လမ်းအစက လူအမြင်ကတ်​တဲ့ ဇာတ်​ကောင်က​နေ ဇာတ်လမ်းအဆုံး သနားစရာ အိုင်နက်အဖြစ်ဇာတ်​ကောင်​​ပြောင်းလဲမှုကို လူ​တွေအမြင်​ပြောင်း​အောင် ဟာကွက်မရှိ ရိုက်ပြထားတဲ့ကား​​ကောင်း​လေးတစ်ကားလည်းဖြစ်ပါတယ်။