Movie Name
Champions (2023)
Year
2023
Generes
Comedy, Drama, Sport
Code
EN2443
Type
Movie
Size
917 MB
Country
Hollywood
Description
Champions (2023) ================ IMDb Rating – 6.7/10 Comedey, Drama, Sport ဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ..သူတို့တွေ ဘယ်လိုမျိုးကြိုးစား လေ့ကျင့် ယှဉ်ပြိုင်ပြီးအောင်မြင်မှုတွေကို ဘယ်လောက်ထိ ဆွတ်ခူးသွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပါ။