Movie Name
Quasi (2023)
Year
2023
Generes
Comedy, Drama
Code
EN2449
Type
Movie
Size
798 MB
Country
Hollywood
Description
ပြင်သစ်စာရေးဆရာ Victor Hugoရဲ့ ၁၈၃၁ခုနှစ်ထွက် ပြင်သစ်စာပေသမိုင်းမှာ နာမည်အကြော်ကြားဆုံးဖြစ်ခဲ့တဲ့ The Hunchback of Notre-Dame(နိုထရာဒမ်မှ ခါးကုန်းကြီး)ဆိုတဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတဲ့ကားလေးပါပဲ။ မူရင်းဝတ္ထုမှာဆိုရင် ရုပ်ပျက်ဆင်းပျက် ခါးကုန်းကြီးတစ်ယောက်ရဲ့ စင်ကြယ်သော မေတ္တာသက်သက်နဲ့အနစ်နာခံခြင်း၊ စွန့်စားခြင်းတွေကို ပေါ်လွင်အောင်ရေးသားထားတာမို့ ခေတ်အဆက်ဆက်မှာ ဒီဝတ္ထုကိုပဲ ရုပ်ရှင်အဖြစ်၊ ကာတွန်းကားအဖြစ်ရိုက်ကူးခဲ့တာ မနည်းပါဘူး။ ဒီဇာတ်ကားကတော့ အဲ့ဝတ္ထုကို မှီငြမ်းထားပေမယ့် အဲ့ကခါးကုန်းကြီးအကြောင်းမဟုတ်ပါဘူး။ ခါးကုန်ကြီး ကွာစီမိုဒိုရဲ့သနားစရာဘဝကို ပြက်လုံးတွေနဲ့ ဟာသဆန်ဆန်ပြန်လည်ရိုက်ကူးထားတဲ့ သရော်ရုပ်ရှင်တစ်မျိုးပါ။ သို့ပေမဲ့လည်း plotအမျိုးမျိုး ဇာတ်ကွက်အမျိုးမျိုးက ဟာသတွေကြားမရိုးရအောင် ဆွဲဆောင်သွားနိုင်တာတော့ ဝန်ခံရမယ်ဗျ။ ဇာတ်လမ်းအကြောင်းကို အကျဥ်းချုပ်ပြောရရင် ခါးကုန်းကြီး ကွာစီမိုဒိုတစ်ယောက် အဲ့ခေတ်ကာလက အာဏာအရှိဆုံးလူနှစ်ယောက်ဖြစ်တဲ့ ဘုရင်နဲ့ ပုပ်ရဟန်းကြီးအကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ဘဝအကြောင်းပါ။ နဂိုကတကည်းက ကျောကုန်းမှာဘုကြီးနဲ့ ရုပ်ပျက်ဆင်းပျက် လူရာမဝင်ဖြစ်နေပြီးသားကိုမှ ဘယ်လိုကံဆိုးမိုးမှောင်ကျဦးမလဲဆိုတာကို ရယ်မောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။