Movie Name
SMALLVILLE (S1 To S2)
Year
2011
Generes
Adventure, Drama, Fantasy
Code
SE0054
Type
Series
Size
11.7 GB
Country
Hollywood
Description
ကျတော်တို့ အခု လက်ရှိကြည့်နေရတဲ့ စူပါဟီးရိုးစီးရီးတွေကို ဆက်ရိုက်ရဲအောင် ဆက်ရိုက်ဖြစ်အောင် အောင်မြင်မှုတွေပေးခဲ့တဲ့ စီးရီးတစ်ခုကို တင်ပေးချင်ပါတယ်။ ဒီစီးရီးကတော့ ၂၀၀၁-၂၀၁၁ အတွင်း စီစန် ၁၀ ခု ထွက်ထားခဲ့ပြီး အဆုံးသတ်သွားခဲ့ပြီးပါပြီ။ IMDb ၇.၅ ရှိပါတယ်။ ခုချိန်ထိ လူတွေပြောကြတာတော့ smallville စီးရီးမရှိခဲ့ရင် အဲရိုး ဖလက်ရှ် အပါအဝင် တခြားစူပါဟီးရိုးစီးရီးတွေကို ဖန်တီးရဲကြမှာမဟုတ်ပါဘူးတဲ့။ ဒီစီးရီးက စူပါဟီးရိုး စီးရီးသမိုင်းမှာ အရှည်ဆုံးနဲ့ အအောင်မြင်ဆုံးစံချိန်ချိုးနိုင်ခဲ့လို့ ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Smallville ဆိုတဲ့ မြို့လေးကို ဥက္ကာခဲတွေ ကြွေကျမှုနဲ့အတူ ရောက်လာတဲ့ ကလေးငယ်လေးအကြောင်းပါပဲ။ ဒီကမ္ဘာမှာ သာမန်လူတွေနဲ့ မတူပဲ စွမ်းအားတွေ အများ ကြီးကို ဖုံးကွယ်ပြီး လူတွေကြားထဲမှာ ဝင်ဆန့်အောင်ကြိုးစားရင် သူ့ရဲ့ ကံကြမ္မာနဲ့ ပန်းတိုင်ကို ရှာဖို့ကြိုး စားရမယ့် လူငယ်လေး တစ်ယောက်အကြောင်းပါ။ ဇတ်လမ်းက အရမ်းရှည်ပြီး ဇာတ်ကောင်တွေ အများ ကြီးပါတဲ့အတွက် ညွှန်းစရာများနေလို့ ကျန်တာတွေ မညွှန်းတော့ပါဘူး။ ဒီထဲမှာ ကလာ့ခ် ကန့်ထ် နဲ့ လူးဝစ်လိန်းတို့ရဲ့ အချစ်ဇာတ်လမ်း။ လက်စ်လူသာ နဲ့ ကလာ့ခ် တို့ရဲ့ ငယ်ဘ၀ မိတ်ဆွေကနေ ရန်သူ ဖြစ်လာပုံတွေ။ Arrow, Flash, Aquaman, Supergirl, Martian Manhunter, Cyborg နဲ့ တခြား ဗီလိန် တွေ ဟီးရိုးတွေနဲ့ တွေ့ဆုံခဲ့ပုံတွေကို တွေ့ရမှာပါ။ အားပေးကြပါဦး။ ဘာသာပြန်သူကတော့ Huang Yue Ling ပါ။