-
Movie Name
-
Dasara (2023)
-
Year
-
2023
-
Generes
-
Action, Drama
-
Code
-
IND0707
-
Type
-
Movie
-
Size
-
1.46 GB
-
Country
-
Bollywood
-
Description
-
Dasara (2023)
IMDb – 7.3/10
မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး
ဘတ်ဂျက်၆၅ကုဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့
Dasaraကိုတင်ဆက်ပေးချင်ပါတယ်
ဗီရာလပိုင်ဆိုတဲ့ရွာလေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့
လူတွေနေထိုင်ကြပါတယ် အရက်မသောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို
အရက်စွဲနေကြသူတွေပါ ဒါတွေကြောင့်လည်း ဒီရွာလေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ
ရက်ဆိုင်ဟာအရက်ဝယ်သူတွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမစဲတသဲသဲပါပဲ ဒါတင်မကသေးပါဘူး
ဒီဘားရဲ့ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူတွေအလေးစားရဆုံးရာထူးလည်းဖြစ်ပါတယ်
တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ကာ ဒါရန်နီဟာ
ဗန်လာနီကို ဟိုးကလေးဘဝကတည်းကချစ်နေခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်နေတာကြောင့်
ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်ယောက်အကျိုးကိုပဲ အမြဲကြည့်ပေးနေခဲ့သူပါ
တစ်နေ့မှာတော့ ဗန်လာနီကိုတခြားလူတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့လုပ်ကြတဲ့မိဘတွေကြောင့်
ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်စေပြီး
ဘားရဲ့ငွေကိုင်ရာထူးကိုရအောင်ကြိုးစားကြပါတော့တယ်
ဒါပေမယ့်တကယ့်ပြိုင်ပွဲနောက်ကွယ်မှာတော့ ကြီးမှူးသူတွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို
သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လိုတွေလုပ်ကြမလဲ
သူတို့တွေဒီလိုလှည့်ကွက်တွေနဲ့ပြည့်နှက်နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူတွေကို
ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရအောင်နော်