Movie Name
Masaan (2015)
Year
2015
Generes
Drama
Code
IND0709
Type
Movie
Size
728 MB
Country
Bollywood
Description
Masaan (2015) ******************** ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။ ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့ ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူ ပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။ တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက် ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။ ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်‌စေချင်ရင် ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေ‌ကိုပြောပါတယ်။ ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ … ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ …. ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ …. ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူး ဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း .