Movie Name
Prom Pact (2023)
Year
2023
Generes
Comedy, Family, Romance
Code
EN2465
Type
Movie
Size
729 MB
Country
Hollywood
Description
Prom Pact (2023) ============= IMDb Rating – 6.3/10 ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတွေ ကြည့်ချင်သူတို့အတွက် Disney ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ rom-com ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားထဲမှာ မန်ဒီယန်းဆိုတဲ့ကောင်မလေးက “I am my own person” ဆိုတဲ့ feministလေးဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ ဟား‌ဗတ်ကိုသွားပြီး သူလေးစားရတဲ့သူ့idolဆီမှာ စာသင်ချင်တာပါတဲ့။ ဒါပေမဲ့ ဟားဗတ်ကသူ့ကို စောင့်ဆိုင်းစာရင်းထဲထည့်လိုက်ပါတယ်။ စောင့်ဆိုင်းစာရင်းဆိုတာက အငြင်းခံရတာနဲ့ သိပ်မကွာပါဘူး။ ဒါကြောင့် မန်ဒီယန်းက ဟားဗတ်ကိုဝင်ခွင့်ရဖို့အတွက် ဟားဗတ်ကျောင်း သားဟောင်း အထက်လွှတ်တော်အမတ်ဆီကနေ ထောက်ခံစာတောင်းဖို့ ကြံပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီအမတ်ရဲ့သားက မန်ဒီယန်းအထင် သေးတဲ့ သူတို့ကျောင်းက ရေပန်းအစားဆုံး ဘတ်စကတ်ဘောကစားသမား ဂရေဟမ်လန်ဆင်းဆိုတဲ့ကောင်လေးဖြစ်နေပါတယ်။ ဒီလိုနဲ့မန်ဒီယန်းတစ်ယောက် သူ့အိပ်မက်ကိုပဲစွန့်လွှတ်မလား ဒါမှမဟုတ် သူ့စံတန်ဖိုးတွေကို စွန့်လွှတ်ပြီး ဟားဗတ်ကိုဖြစ်တဲ့နည်းနဲ့ ရောက်အောင် သွားမလား သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။