-
Movie Name
-
Lou (2010)
-
Year
-
2010
-
Generes
-
Drama
-
Code
-
EN2471
-
Type
-
Movie
-
Size
-
412 MB
-
Country
-
Hollywood
-
Description
-
IMDb Rating – 6.4/10
လောကကြီးမှာ မိသားစုတိုင်း အဆင်မပြေမှုတစ်ခုခုကတော့
ရှိကြတယ်မှတ်လား။ ပိုက်ဆံချမ်းသာပြီး အိမ်ထောင်ရေးမသာ
ယာတာ၊ အိမ်ထောင်ရေးသာယာပြီး ငွေကြေးချို့တဲ့တာ၊ သား
သမီးနဲ့မိဘ ဆက်ဆံရေးမကောင်းတာ မျိုးစုံပဲပေါ့။
လူး(လူးဝစ်)တို့မိသားစုကတော့ အကုန်နီးပါးစုနေတယ်ပဲပြော
ရမလား။ လူးရဲ့အဖေက ထွက်ပြေးသွားတယ်။ အမေတစ်ယောက်
တည်းကပဲ လူမမယ်သမီးသုံးယောက်ကို ရှာကျွေးနေရတယ်။
အမေကလည်း အသက်၂၇ပဲရှိသေးတဲ့ငယ်ငယ်လေး။ သမီး(၃)
ယောက်ကြောင့် နောက်အိမ်ထောင်ပြုလို့ကလည်းအဆင်မပြေ၊
ငွေကြေးချို့တဲ့တဲ့အပြင် အကြွေးပါတင်နေသေးရှာတယ်။ တစ်နေ့
တစ်နေ့အကြွေးရှင်တွေလာရင် လူးတို့ညီအစ်မတွေ မီးပိတ်ပုန်းပြီး
လူမရှိချင်ယောင်ဆောင်ရတာလည်း အမောပေါ့။
လူးနဲ့သူ့အမေရဲ့ဆက်ဆံရေးကလည်း ခပ်တန်းတန်းပဲ။ တစ်နေ့တော့
ထွက်ပြေးသွားတဲ့ ယောက်ျားရဲ့အဖေ၊ အယ်လ်ဇိုင်းမားရောဂါသည်၊
လူးတို့ရဲ့အဘိုးဟာ ဂေဟာမှာ ကုတင်မလောက်လို့ နေရာရှာပြီးတဲ့
အချိန်ထိ လူးတို့အိမ်မှာလာနေဖို့ ဂေဟာဝန်ထမ်းက စီစဉ်လိုက်ပါတယ်။
လူးကတော့ ကျွေးကျေးဇူးမရှိခဲ့တဲ့အဖေဘက်က ဘယ်ကမှန်းမသိတဲ့
အဘိုးကို မကြည်ဖြူပါဘူး။ အဘိုးကလည်း သူငယ်ပြန်နေလေတော့
သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတဲ့ သူ့မိန်းမကိုပဲ တမ်း
တနေတာပါ။ ဒီလိုနဲ့ပဲ လူးတို့အိမ်ကို အဘိုးရောက်လာတယ်။ ပြီးတော့
ပြန်သွားတယ်။ လူးတို့မိသားစုလေးမှာတော့ တစ်ခုခုပြောင်းလဲပြီး ကျန်
ရစ်ခဲ့တဲ့အခါ …..။