Movie Name
Behind The Revenge (Fai Luang) (တမြေ့မြေ့လောင်သောမီး) (2023)
Year
2023
Generes
Drama, Romance
Code
ST0749
Type
Series
Size
8.67 GB
Country
Thai
Description
1-24 Completed “အချစ်မီးလျှံကလဲ့စား ၂၀၂၃ ” နုတ်ဖရွတ် အဖြစ် Son Yuke Songpaisan ဖွမ်ဝလိုင် အဖြစ် Bee Namthip ယွတ်ထီယင်း အဖြစ် Pim Pimprapa ဇာတ်လမ်းအကျဉ်း “နုတ်ဖရွတ် ဘွန်ယကွမ်”က ဘွန်ယာကွမ်ဆေးရုံပိုင်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံနံပါတ်တစ်ခွဲစိတ်ဆရာဝန်ပရဂေါပ်ရဲ့သားပါ ဒါပေမဲ့ “ဖွမ်ဝလိုင်” ဆိုတဲ့သူနာပြုမလေးဟာ ဘွန်ယာကွမ်မိသားစုအပေါ်ရှိတဲ့အငြိုးတွေကြောင့် ဘွန်ယာကွမ်ဆေးရုံကိုအပိုင်သိမ်းပြီးလက်စားချေချင်နေတာမို့ နုတ်ဖရွတ်ကိုချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ဒီလိုနဲ့နုတ်ဖရွတ်ရဲ့အဖေ ဒေါက်တာပရဂေါပ်ကိုချဉ်းကပ်ခဲ့ပါတယ် တစ်နေ့မှာ ဒေါက်တာပရဂေါပ်ဟာ ကားမတော်တဆဖြစ်ရင်း နှလုံးရောဂါဖောက်ပြီးသေဆုံးသွားခဲ့ပါတယ် သေတမ်းစာမှာ “ဖွမ်ဝလိုင်” ကို ဆေးရုံစီအီးအိုအဖြစ်ပေးအပ်ခဲ့တဲ့အတွက် နုတ်ဖရွတ်ဟာ ဒီကိစ္စအတွက်မယုံသင်္ကာတွေဖြစ်ပြီး သူ့အဖေ ဘာ့ကြောင့် ရုတ်တရက်ကြီး နှဖောက်သွားပြီး သေဆုံးသွားရတာလဲ “ဖွမ်ဝလိုင်” ကိုရော ဘာလို့ စီအီးအိုပေးခဲ့တာလဲဆိုတာလိုက်စုံစမ်းပါတော့တယ် “ဖွမ်ဝလိုင်” စီအီးအိုဖြစ်ပြီးနောက်ပိုင်း ဆရာဝန်အဟောင်းတွေထွက်ခိုင်းပြီး ဆရာဝန်အသစ်တွေဝင်ခိုင်းပါတယ် အဲ့ထဲမှာမှ သူ့ညီမ “ယွတ်ထီယင်း” ဆရာဝန်မလေးပါနေခဲ့ပါတယ် “ယွတ်ထီယင်း” ကတော့ မင်းသားအေဖပညာသင်ဆုပေးထားပြီး ဆေးကျောင်းပြီးခဲ့တဲ့ဆရဝန်မလေးပေါ့ သူ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ ဒီဆေးရုံကိုရောက်လာတာပါ ဒါကို နုတ်ဖရွတ်က သူ့ကို “ဖွမ်ဝလိုင်” ရဲ့ညီမဆိုပြီးအငြိုးတွေထား သူ့ကိုအနိုင်ကျင့်ပါတော့တယ် ဒီလိုနဲ့ပဲ နုတ်ဖရွတ်က သူ့အဖေသေဆုံးမှုအမှန်ကိုစုံစမ်းနိုင်မလား ယွတ်ထီယင်းနဲ့ဆက်ဆံရေးကရော အငြိုးကနေဘာတွေဆက်ဖြစ်လာမလဲ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ရအောင်နော်