Movie Name
U-Turn (2023)
Year
2023
Generes
Crime, Drama, Horror
Code
IND0715
Type
Movie
Size
550 MB
Country
Bollywood
Description
U turn (2023) IMDb – 6.1/10 ဒီတစ်​ခေါက်မှာက​တော့ ပ​ဟေဠိဆန်တဲ့လှည့်ကွက်​တွေနဲ့ Plot Twistကိုသ​ဘောကျကြသူ​တွေ အကြိုက်​​တွေ့စေမယ့် မင်းသား​ချောAashim Gulatiနဲ့ မင်းသမီး​ချော​လေး Alaya Fတို့ပါဝင်သရုပ်​ဆောင်ထားတဲ့ Supernatural Thriller Movie “U turn”ကိုတင်ဆက်​ပေးလိုက်ပါတယ် ရာဒီကာဟာ​ခေတ်ဆန်ပြီး ​ပျော်​ပျော်​နေတတ်တဲ့အလုပ်သင်ဂျာနယ်လစ်မ​လေးတစ်​ယောက်ဖြစ်ပါတယ် သူ​ရေးဖို့ကြိုးစား​နေတဲ့​ဆောင်းပါး​လေးက​တော့ မိုးပျံလမ်း​ပေါ်မှာလမ်းစည်းကမ်းမဲ့စွာ ဘ​​လောက်တုံး​တွေကိုဖယ်ပြီး ဂငယ်​ကွေ့​ကွေ့တတ်သူ​တွေ​ကြောင့် မ​တော်တဆမှူအများကြီးဖြစ်ခဲ့တဲ့အ​ကြောင်း​ဆောင်းပါး​လေးပါ ဒီရည်ရွယ်ချက်​ကြောင့်ပဲသူဟာ ဘ​လောက်တုံးကိုဖယ်ပြီးဂငယ်​ကွေ့​ကွေ့ခဲ့ကြသူ​​တွေကို စုံစမ်းကာလိုက်အင်တာဗျုးဖို့ကြိုးစားပါ​တော့တယ် ဒါ​ပေမယ့်ထူးဆန်းစွာနဲ့ပဲ သူအင်တာဗျုးဖို့ရာအတွက် စာအုပ်ထဲမှာချ​ရေးထားသူတိုင်းက ​​အ​ဖြေရှာမရစွာ​သေကုန်ကြပြီး သူ့စာအုပ်ဟာလည်းDeath Noteလိုဖြစ်လာပါ​တော့တယ် ဒီလိုဆန်းပြားတဲ့ကိစ္စကိုရဲ​တွေကလည်း သံသယဝင်လာပြီးလိုက်စုံစမ်းရာက​နေ ဘယ်လိုလျို့ဝှက်ချက်​တွေထွက်လာမလဲ ရာဒီကာစာအုပ်ထဲမှာ ချ​ရေးလိုက်သူတိုင်းက ဘာလို့​သေကုန်ကြတာလဲ ကံကြမ္မာရဲ့​နောက်​ပြောင်မှူတစ်ခုပဲလား ဒါမှမဟုတ်လူတစ်​ယောက်က ကြိုးကိုင်​နေတာလားဆိုတာကို Plot Twist​တွေနဲ့ ဒီကား​လေးထဲမှာရင်ခုန်စိတ်လှုပ်ရှားစွာ ​စောင့်ကြည့်လိုက်ရ​အောင်