-
Movie Name
-
Hymn Of Death
-
Year
-
2018
-
Generes
-
Drama, Historical, Romance
-
Code
-
SKR0055
-
Type
-
Series
-
Size
-
1 GB
-
Country
-
Korea
-
Description
-
Nov 27th မှာ SBS က ထုတ်လွှင့်လျက်ရှိတဲ့ Lee Jong suk ရဲ့ ဇာတ်ကားသစ် ” Hymn Of Death “ 1920 ခုနှစ် က ကိုရီးယားနိုင်ငံ ရဲ့ first soprano အဆိုတော်လေး ယွန်းရှင်းဒေါ့ နဲ့ တေးရေးဆရာ ကင်ဝူဂျင်း တို့ ရဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးယခု 2018 မှာတော့ ” Hymn of Death “ အမည် နဲ့ SBS special Drama အဖြစ် ၃ ပိုင်းတိတိ ထုတ်လွှင့် ပြသပါမှာဖြစ်ပါတယ် သူတို့ ၂ ယောက် ရဲ့ အချစ်ဇာတ်လမ်းလေး ကို 1991 ခုနှစ်တွင် လဲ ” Death Song “ အမည် ဖြင့်Film ရိုက်ကူး ခဲ့ ပြီး korea Remake Flim တခုဖြစ်ခဲ့ပါတယ် အခုKoreaမှာ trendingဖြစ်နေတဲ့ကားလေးဆိုလည်းမမှားပါဘူး Reviewဘဝကိုခက်ခက်ခဲခဲကိုရုန်းကန်ကြိုးစားပြီး ဂျပန်ကိုပညာတော်သင်ရောက်အောင် ကြိုးစားခဲ့တဲ့ ယွန်းရှင်းဒေါ့ အဘက်ဘက်ကပြည့်စုံပြီးလှပချောမောတဲ့အပြင် အသံကောင်းလှတာကြောင့် ဂျပန်မှာနာမည်ကြီးလာခဲ့တဲ့ အဆိုတော်မလေးယွန်းရှင်းဒေါ့ ဒါ့အပြင် သူမဟာ နိုင်ငံခြားမှာဘွဲ့သွားယူနိုင်ခဲ့တဲ့ Korea ရဲ့ပထမဆုံးအမျိုးသမီး သူမရဲ့အောင်မြင်မှူ လှပမှူတွေကြောင့် ပိုးပန်းတဲ့သူတွေများပေမယ့် ယောင်္ကျားတွေကို အရုပ်လိုသဘောထားပြီး ကစားတတ်ပြီး အချစ်ကိုအယုံအကြည်မရှိတဲ့ ယွန်းရှင်းဒေါ့ အဲ့လိုနဲ့ သူတက်နေတဲ့တက္ကသိုလ်ကို ကင်ဝူဂျင်းရောက်လာတဲ့အခါမှာတော့ အရမ်းအရမ်းချမ်းသာပြီး သီချင်းရေးရတာကိုချစ်မြတ်နိုးတဲ့ကင်ဝူဂျင်း ကင်ဝူဂျင်းဟာ မိန်းမနဲ့ကလေး၂ယောက်ကရှိတဲ့အိမ်ထောင်သည် ယွန်းနဲ့ကင်ဟာ အလုပ်တွေတွဲလုပ်ရင်းချစ်ကျွမ်းဝင်ခဲ့ကြတယ် ဒါပေမဲ့ အခြေအနေတွေကြောင့်ဝေးကွာခဲ့ရတယ် နောက်ပိုင်းမှယွန်းဟာသီချင်းသွင်းကုမ္မဏီတစ်ခုကကမ်းလှမ်းခံရပြီး သီချင်းတွေပြန်ဆိုရင်း ကင်နဲ့ပြန်တွေ့ခဲ့တယ် ကင်နဲ့ယွန်းဟာ နောက်ဆုံးမှာ သူတို့ရဲ့အမိနိုင်ငံကိုပြန်ဖို့တူတူလက်တွဲပြီး သဘောၤနဲ့ပြန်လာခဲ့တယ် ဒါပေမဲ့ တူတူပြန်လာခဲ့တဲ့ သူတို့၂ယောက်ဟာအတူတူသေဆုံးနေတာကိုတွေ့ရတဲ့အခါမှာတော့ သူတို့ရဲ့သေဆုံးမှူကသွေးရိုးသားရိုးလား အသတ်ခံရတာလား နိုင်ငံရေးလှည့်ကွက်တွေလားဆိုတာတော့…………