Movie Name
Pretty Little Liars Original Sin (2022)
Year
2022
Generes
Drama, Romance
Code
SE0354
Type
Series
Size
3.21 GB
Country
Hollywood
Description
1-10 COMPLETED Pretty Little Liars: Original Sin (2022) =========================== IMDb Rating – 7.2/10 HBO MAX ကနေ အသစ်ထွက်ရှိလာတဲ့စီးရီးလေးဖြစ်ပါတယ်။ 1999 ခုနှစ်မှာ ပါတီတက်နေတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းမလေးတစ်စုတို့ဟာ ပါတီမှာ ရုတ်တရတ် သေဆုံးမှု တစ်ခုနဲ့ကြုံခဲ့ကြရပြီး သွေးပျက်ဖွယ် အတွေ့အကြုံကို ရင်ဆိုင်ခဲ့ ကြရတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သူတို့ရဲ့ သမီးလေးတွေအထက်တန်း ရောက်လာတဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကကိစ္စနဲ့ပတ်သက်ပြီး အမည်မသိ မကျေနပ်သူတစ်ယောက်က ကောင်မလေးတွေကို နည်းအမျိုး မျိုးနဲ့ စတင်နှိပ်စက်တော့တယ်။ အီမိုဂျင်၊ နိုအာ၊ မောက်စ်၊ တက်ဘီ၊ ဖယ်ရန် ဆိုတဲ့ ကောင်မလေးငါးယောက်ရဲ့ တစ်ဦးချင်းဆီ ဇာတ်လမ်းကလည်း သီးသန့်ဆန်သလို၊ အမေတွေလိုပဲ သူငယ်ချင်းတွေဖြစ်သွားကြပြီးတော့ ဗီလိန်အမွှာညီအစ်မ ကယ်လီနဲ့ ကယ်ရင်တို့နှစ်ယောက်နဲ့ အားပြိုင်မှုတွေ အပြင်၊ အမည်မသိ မကျေနပ်သူကိုပါ ထိပ်တိုက်ရင်ဆိုင်ကြတာကို ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ Seasons 7 ခုတောင် ရှိခဲ့တဲ့ Pretty Little Liars စီးရီးရဲ့ Spin Off / Reboot ဖြစ်ပြီးတော့ Original series ထက် ပိုပြီး Dark တဲ့ theme နဲ့ တင်ဆက် ထားတာပါ။ အဓိကကောင်မလေးငါးယောက်ကိုလည်း ပြီးပြည့်စုံတာမျိုး မဟုတ်ဘဲနဲ့ လူသားဆန်ဆန် flaws လေးတွေနဲ့ အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။