-
Movie Name
-
Chains Of Heart (2022)
-
Year
-
2022
-
Generes
-
Action, Drama
-
Code
-
ST0752
-
Type
-
Series
-
Size
-
3.66 GB
-
Country
-
Thai
-
Description
-
1-10 COMPLETED
Chains of Heart (2023)
သစ်တောအရာရှိလေးတစ်ယောက်ဖြစ်တဲ့ဒင်မှာ ခန်ဆိုတဲ့ နှစ်နဲ့ချီမြတ်နိုးရတဲ့ချစ်သူရှိပါတယ်။
RS သက်တမ်းလည်းမနည်းလှတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝက ကြမ္မာဆိုးငင်ချင်တော့
မူးယစ်မှောင်ခိုမာဖီးယားဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သက်မိပြီး တောင်စောင်းကနေ နှစ်ယောက်တူတူ ပြုတ်ကျသွားတဲ့အခါ…
ခန်တစ်ယောက် အသက်မသေဘဲနိုးထလာခဲ့ပေမဲ့ သေသည်ရှင်သည်လည်း သေချာမသိရဘဲ
အစရှာမရ ပျောက်ခြင်းမလှပျောက်နေတဲ့ဒင်၊ ဒင်ကိုဆုံးရှုံးလိုက်ရတာကြောင့်
နှလုံးသားတံခါးကိုချိတ်ပိတ်လိုက်တဲ့ “ခန်” တစ်ယောက် ၂ နှစ်အကြာမှာ
ရန်ပွဲထဲကသူ့ကို ရုတ်တရက်ဝင်ကယ်သူနဲ့ဆုံလိုက်ရပေမဲ့ မျက်နှာကိုသေချာမြင်ခွင့်မရလိုက်တဲ့အခါ…
အဲဒီနေ့က မမျှော်လင့်ထားတဲ့အဖြစ်အပျက်နဲ့ သူ့ရဲ့ဘဝထဲကို တိတ်တခိုးဝင်ရောက်လာတဲ့
အမည်မသိလူသားလေးနဲ့ ချစ်ရသူနဲ့ခပ်ဆင်ဆင်တူတဲ့အချက်တွေကြောင့်
“ဒင်” လို့ထင်နေမိတဲ့ “ခန်” တို့ ဘယ်လိုရှေ့ဆက်ကြမလဲ။
ကံကြမ္မာမုန်တိုင်းကြောင့် ကွဲကွာနေတဲ့အချစ်ငှက်ငယ်လေးတွေရော
ကံအလှည့်အပြောင်းမှာ ပြန်ဆုံနိုင်မလားဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Mary, Shin, Cali, Moh တို့ပဲ ဖြစ်ကြပါတယ်။