Movie Name
Have A Crush On You (ချစ်ခြင်းဖြင့် ကုစားခြင်း) (2023)
Year
2023
Generes
Drama, Romance
Code
SC0625
Type
Series
Size
11.1 GB
Country
China
Description
1-36 COMPLETED CM ကနေ ရသမျိုးစုံ ဇာတ်လမ်း‌တွဲလေးတွေကို ဘာသာပြန်တင်ဆက်ပေးလေ့ရှိပြီး ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့် ဆရာဝန် ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်…. ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်….. ရွမ်လျိုကျန်းဆိုတဲ့ ကောင်မလေးတစ်ယောက် မွေးရပ်ကနေ ထွက်သွားခဲ့တာ ၇နှစ်ကြာပြီးတဲ့နောက်မှာ သူ့ကြီးပြင်းခဲ့တဲ့ မြိုမှာရှိတဲ့ ပေယာဆေးရုံရဲ့ အာရုံကြောခွဲစိတ်ဌာနကို ဆရာဝန်တစ်ယောက်အဖြစ်ရောက်ရှိလာခဲ့ပါတယ်… ပေယာဆေးရုံမှာ ဆက်လက်လုပ်ကိုင်နိုင်ဖိုအတွက် အလုပ်ထဲမှာ စိတ်အာရုံကို နှစ်ထားခဲ့ပါတယ် ဒါပေမယ့် သူ့အတွက်နေရခက်စေတာကတော့ သူ့ရဲ့ အရင်ယောက်ျား ဖြစ်တဲ့ နင်ကျစ်ချန်က အာရုံကြောခွဲစိတ်ဌာနရဲ့ အတော်ဆုံးဆရာဝန်တစ်‌ယောက်ဖြစ်နေခဲ့တာပါပဲ… နင်ကျစ်ချန်တစ်‌ယောက် လွဲချော်ခဲ့တဲ့မင်္ဂလာကိစ္စကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ရွမ်လျိုကျန်းအတွက် သူ့ဘက်ကနေစပြီးတော့ အကြံပေးဆရာတစ်ယောက်အဖြစ်လုပ်ပေးခဲ့ပြီး ပညာစားမချန်အကုန်‌ပြောပြပေးခဲ့ပါတယ် ….. ဒါပေမယ့်လည်း ရွမ်လျိုကျန်းတစ်ယောက်ဟာ အရင်ကလို ပျော့တိပျော့ဖက်ကောင်မလေးတစ်ယောက်မဟုတ်တော့ပါဘူး လုပ်ငန်းခွင်မှာရော မေတ္တာရေးမှာပါ တာဝန်ယူမှုရှိပြီး လွယ်လွယ်နဲ့ လက်မလျှော့တတ်တော့ပါဘူး….. လုပ်ငန်းခွင်မှာ သူတိုနှစ်ယောက် အငြင်းပွားလိုက် ပြန်သင့်မြတ်သွားလိုက်နဲ့ အတူတူ အခက်ခဲတွေကို ဖြတ်ကျော်ခဲ့ကြပြီး ကံကြမ္မာက ချည်နှောင်ပေးလိုက်တဲ့ သူတိုနှစ်‌ယောက်ကြားက ကြိုးနီလေးကတော့ ခိုင်ခံ့နေခဲ့ပါတယ် …. နှစ်ယောက်သား အာဖရိမှာ ဆေးကုသရေးအားဖြည့်အဖွဲမှာ ပါဝင်ခဲ့ကြပြီး နင်ကျစ်ချန်တစ်ယောက် ကျည်ထိဆန်ထိမှန်ခဲ့တဲ့အချိန်မှာ ရွမ်လျိုကျန်းတစ်ယောက် လက်မလျှော့ဘဲ အသက်ကယ်တင်ပေးခဲ့ပြီးနောက်မှာတော့ တစ်ခန်းမရပ်နိုင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးက ပြန်လည်အသက်ဝင်လာခဲ့ပါတယ်….. Casts တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Royal Feast ကားထဲက အလှလေး Wang Churan က ရွမ်လျိုကျန်းအဖြစ် CM ကနေပဲတင်ဆက်ပေးဖူးတဲ့ Unexpected Falling ကားထဲက မင်းသား Peng Guanying က နင်ကျစ်ချန်အဖြစ် အဓိကပါဝင်ထားတာပဲ ဖြစ်ပါတယ် ဒီကားလေးကို CM ကနေဘာသာပြန်တင်ဆက်ပေးမှာမိုလို စောင့်မျှော်ကြည့်ရှုအားပေးလိုရပါတယ်နော်……