-
Movie Name
-
New York Minute (2004)
-
Year
-
2004
-
Generes
-
Comedy, Crime, Family
-
Code
-
EN2525
-
Type
-
Movie
-
Size
-
1.20 GB
-
Country
-
Hollywood
-
Description
-
Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါက
Teen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေ
ပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့
အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ်
ဇာတ်လမ်းအကျဉ်း
ဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့်
စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ …
ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီး
ဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူ
ရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့
ဂီတလိုက်စားသူ ကျောင်းပြေးမ
တစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက်
ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။
တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက်
အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။
ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ်
တူတူလိုက်ပါလာတဲ့ ခရီးက စလို့ ..
ဂယက်တစ်သိန်းဇာတ်လမ်း စတင်ပါတယ် …
အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီ
နှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့
လောဂျစ်က ဒီညီအစ်မနဲ့တော့ လားလားမျှ
မဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။
ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကို
မြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်