Movie Name
Noble Intentions (2022)
Year
2022
Generes
Crime, Drama
Code
EN2536
Type
Movie
Size
910 MB
Country
Hollywood
Description
ဘယ်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အဖေဆုံးသွားပြီးနောက် အမေနဲ့နေထိုင်ရင်းက ကင်ဆာရောဂါသည်အမေကို ဆေးကုသဖို့အတွက် ငွေပမာဏအမြောက်အမြားလိုလာပါတယ်။ သူ့နာမည်နိုဘယ်က မြင့်မြတ်တယ်လို့ အဓိပ္ပာယ်ရပေမဲ့ မိခင်ကိုချစ်တဲ့စိတ်ကြောင့် ငွေအများကြီးရှာနိုင်ဖို့ လမ်းစရှာရင်း နာမည်နဲ့မလိုက်တဲ့ အလုပ်တွေလုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အစကတော့ ချီတုံချတုံဖြစ်နေခဲ့ပေမဲ့ ဘဝကြီးမှာ တခြားရွေးချယ်စရာကလည်း ဘာမှရှိမနေပြန်တော့ အရင်ကတစ်ခါမှမစဉ်းစားခဲ့ဖူးတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ တရားမဝင်တဲ့အလုပ်ကိုလုပ်ကိုင်ကြပြီး အကြောင်းပြချက်ကြီးကြီးမာမားမရှိပေမဲ့ လူတစ်ယောက်ကို အလွယ်တကူဒုက္ခပေးဖို့ ဝန်မလေးတတ်ကြတဲ့ လောကကြီးထဲမှာပါဝင်ပတ်သက်ရင်း နိုဘယ်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အန္တရာယ်များပေမဲ့ငွေဝင်လွယ်တဲ့လောကကြီးထဲကနေရော သူရုန်းထွက်နိုင်ပါ့မလား၊ နဂိုရည်ရွယ်ချက်ဖြစ်တဲ့ ဆေးဖိုးရပြီး အမေနေကောင်းဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ရော ပြည့်ဝသွားရဲ့လားဆိုတာတွေကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။