-
Movie Name
-
Till The End Of The Moon (မဟူရာညရဲ့ လမင်းစန္ဒာ )(2023)
-
Year
-
2023
-
Generes
-
Fantasy, Historical, Romance
-
Code
-
SC0627
-
Type
-
Series
-
Size
-
16.4 GB
-
Country
-
China
-
Description
-
1-40 Completed
သူ့ရဲ့ ဘဝမှာ သံယောဇဥ်ချစ်ခြင်းမေတ္တာဆိုတာ မရှိ၊ မွေးဖွားစဥ်ကတည်းက တစ်ခါမှ မငိုခဲ့ဖူးသူ ၊
သူ့ရဲ့ မျက်လုံးအိမ် အသက်သွေးကြောတွေကို ဖောက်ယူရင်တောင် နုနယ်နွမ်းလျတဲ့ ပုံစံကို
မြင်ရမှာမဟုတ်တဲ့ ရက်စက်သော မိစ္ဆာအရှင် – ထန်ထိုက်ကျင့် အဖြစ် လော်ယွင်ရှီး
❏ မသေမျိုး နတ်ဂိုဏ်း အကြီးအကဲရဲ့ မွေးစားသမီးဖြစ်သူ ၊ လောကရဲ့ အမြင့်မြတ်ဆုံးသော
ဖီးနစ်သွေးကို ပိုင်ဆိုင်ထားသူ ၊ အရမ်းကိုမှ လှပတင့်တယ်တဲ့ မိန်းမပျိုလေး – လီစူးစူး အဖြစ် ပိုင်လု
မိစ္ဆာတိုရဲ့အရှင်သခင် ထန်ထိုက်ကျင့် ကြီးစိုးကာ အနိုင်ကျင့်နှိပ်စက်နေတဲ့ လောကကြီးကိုကယ်တင်ဖိုအတွက်
ဟန်ယန်ဂိုဏ်းချုပ်ရဲ့ မွေးစားသမီးငယ်ဖြစ်သူ လီစူးစူးကို အရာအားလုံးကို ဖြေရှင်းဖိုအတွက်
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ဆီကိုစေလွှတ်ခဲ့တယ်ဆိုပါတော့ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀
အတိတ်ကာလကို ရောက်ရှိသွားခဲ့တဲ့အချိန်မှာတော့ မိန်းမပျိုလေး လီစူးစူးဟာ
ယဲ့အိမ်တော်ရဲ့သမီးငယ်လေး ယဲ့ရှီးဝု အဖြစ်ပြန်လည်မွေးဖွားခဲ့ပါတော့တယ် ။ ဒါပေမယ့်
မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဟာလဲ ဖြစ်ပျက်လိုနေပြန်ပါတယ် အဲ့တာဟာဆိုရင်တော့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ မှ မိစ္ဆာအရှင် ထန်ထိုက်ကျင့်ဟာ ယဲ့ရှီးဝုရဲ့ ခင်ပွန်းဖြစ်နေခြင်းပါပဲ ။
နှစ်ဦးသား ချစ်ခြင်းမေတ္တာသံယောဇဥ်တွေပေါက်ဖွားပြီးတဲ့နောက် အဆုံးမှာတော့
ယဲ့ရှီးဝူတစ်ယောက် လီစူးစူး ပုံသဏ္ဍန်အမှန်နဲ့ မိစ္ဆာအရှင် ထန်ထိုက်ကျင့်နဲ့
လောကကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပါတော့တယ် ။ အချစ်ရဲ့ လှည့်စားမှုတွေဒဏ်တွေကို
ပြင်းပြင်းထန်ထန်ခံစားသွားရှာရတဲ့ ထန်ထိုက်ကျင့်ဟာ ချစ်ရသူ လီစူးစူးရဲ့ ဝိဉာဥ်ကို
ယိုမင်မြစ်တစ်လျှောက် နှစ်ပေါင်းများစွာတိုင်အောင် ရှာဖွေခဲ့ပါတော့တယ် ။ အဲဒီလို ရှာဖွေနေရင်း
သေအံ့ဆဲဆဲဖြစ်နေတဲ့အချိန်မှာ မသေမျိုး နတ်ဂ်ိဏ်းတစ်ခုရဲ့ ကယ်တင်ချင်းကို ခံရပြီး
မသေမျိူးနတ်ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့ပါတော့တယ် ။
■ တစ်ဆက်ထဲမှာပဲ သူလွမ်းဆွတ်တမ်းတနေခဲ့တဲ့ မိန်းမပျိူလေး လီစူးစူးနဲ့ ထပ်မံတွေ့ဆုံဖို ကံကြမ္မာဖန်လာခဲ့တဲ့အခါမှာ ?
■ ကျိူးပဲ့နေတဲ့ မှန်တစ်ချက် ပြန်လည်ဆုံတွေ့သည့်အလား နှစ်ဦးသားပြန်လည်စုံစည်းခဲ့ကြပေမယ့်
မိစ္ဆာအရှင် ထန်ထိုက်ကျင့်ရဲ့ မိစ္ဆာဝိဉာဥ်ဟာ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး
လောကသုံးသွယ်ကိုဒုက္ခပေးဖို ဖြစ်ပေါ်လာခဲ့ပြန်တဲ့ အချိန်မှာ ?
■ ချစ်မြတ်နိုးကြတဲ့ နှစ်ဦးသားရဲ့ အချစ်ရေးကရော ဖြောင့်ဖြူးနိုင်ပါ့မလား
ဒုက္ခတွေ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမှာလဲ? ဆိုတာ
မိစ္ဆာအရှင်နဲ့ မိန်းမပျိုလေးတိုရဲ့ အချစ်ဇာတ်လမ်း လေးဖြစ်တဲ့ “Till The End Of The Moon” ဇာတ်လမ်းတွဲကို
စောင့်မျှော်ကြည့်ရှုရအောင်လားရှင် ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ လော်ယွင်ရှီး ၊ ပိုင်လု ၊
ချန်တူးလင် ၊ သုန့်ဝေ ၊ စွင်းကျန်းနီ ၊ ဝမ်ယိဖေး ၊ ဟွမ်ဟိုင်ပင်း ၊ ယွီပေါ် တိုအပြင်
များစွာသော သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။