-
Movie Name
-
မီးလျှံကြားကအချစ်ပန်း (Plerng Chimplee) (2014)
-
Year
-
2014
-
Generes
-
Drama, Romance
-
Code
-
ST0759
-
Type
-
Series
-
Size
-
12.9 GB
-
Country
-
Thai
-
Description
-
1-15 Completed
ဇာတ်လမ်းအကျဥ်း💞💞
နတ်သရိုင်း (နန်သရိုင်း) အဖြစ် Aum Athichart Chumnanon
နီရန်နန် အဖြစ် Bella Ranee Campen
သစ်လုပ်ငန်းပိုင်ရှင်သူဌေးသားနတ်သရိုင်းဟာ သူ့အမေပေးစားတဲ့မိန်းမကိုမလိုချင်တာကြောင့် သစ်ကြိုးဝိုင်းရှိတဲ့ရွာကို ကြီးကြပ်ရေးမှုး နန်သရိုင်းအဖြစ် ဟန်ဆောင်ပြီးသွားခဲ့တယ်။ နတ်သရိုင်းဟာ ရွာကပြုလုပ်တဲ့ ကြီးကြပ်ရေးမှုးအသစ်ကြိုဆိုပွဲမှာ ကပြခဲ့တဲ့ ရွာသူကြီးရဲ့မြေး နီရန်နန်ကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ် ..... ဒီလိုနဲ့နတ်သရိုင်းဟာ ရွာသူကြီးမြေး နီရန်နန်ရဲ့အချစ်ကိုရဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ် .....
နီရန်နန်ကတော့ ရွာသူကြီးရဲ့သမီးနဲ့ တစ်ခြားအရပ်ကရောက်လာတဲ့နိုင်ငံခြားသားတို့ကမွေးဖွားလာသူဖြစ်ပါတယ်။ နီရန်နန်ရဲ့အဖေနိုင်ငံခြားသားက နီရန်နန်ရဲ့အမေရွာသူကိုကလေးတစ်ယောက်နဲ့ပြစ်ပြီးထားခဲ့တာကြောင့် နီရန်နန်ရဲ့အမေဟာစောစောစီးစီးကွယ်လွန်သွားခဲ့သလို နီရန်နန်ဟာလဲ အဖိုးလက်မှာကြီးပျင်းလာရတဲ့ မိဘမဲ့ကလေးဖြစ်လာပါတော့တယ်..... ဒီလိုအကြောင်းတွေကြောင့် နီရန်နန်ရဲ့အဖိုးရွာသူကြီးဟာ နီရန်နန့်ကို ကိုယ့်ရွာသားမဟုတ်တဲ့ တစ်ခြားဘယ်ယောကျားနဲ့မှသဘောမတူခဲ့ပါဘူး.....
ဒါပေမယ့် "ဖူးစာလူးလာ ဒူးကာလို့မရ" မဆို ကိုယ့်ရွာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ နတ်သရိုင်းဆိုတဲ့မြို့သားကိုလူချောရဲ့မာယာတွေအောက်ကရုန်းထွက်နိုင်ပါ့မလား.....?
နတ်သရိုင်းအနေနဲ့ကရော အဖိုးရဲ့စကားကိုမြေဝယ်မကျနားထောင်တဲ့ရိုးသားဖြူစင်တဲ့ ရွာသူမိန်းမလှလေး နီရန်နန်ရဲ့အချစ်ကို ဘယ်လိုရအောင်ယူမလဲ
မြို့သားနဲ့တောသူ ကွာခြားလှတဲ့အခြေအနေအဆင့်အတန်းတွေနဲ့ အခက်အခဲအတားအဆီးတွေကြားမှာ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးက ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်.....