Movie Name
Reginald The Vampire (2022)
Year
2022
Generes
Comedy, Horror
Code
SE0355
Type
Series
Size
2.62 GB
Country
Hollywood
Description
1-10 Completed Reginald Vampire(2022) ====================== Spider-man ရဲ့ သူငယ်ချင်း Ned အဖြစ်နဲ့ သရုပ်ဆောင်ပြီး နာမည်ရလာတဲ့ Flipino – American သရုပ်ဆောင် Jacob Batalon ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲလေး ထွက်လာပါတယ်။ သူ့ရဲ့ ဇာတ်လိုက်အဖြစ် ပထမဆုံးပါဝင်ထားတဲ့ ဒီဗန်ပိုင်းယား ဇာတ်လမ်းတွဲမှာလည်း အကောင်းဆိုးကြိုးစားထားတာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ရက်ဂျီနယ်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ အဝလွန်ခန္တာကိုယ်ကြောင့် အပေါင်းအသင်းတွေကြားမှာ လှောင်ပြောင် စရာလူတစ်ယောက် အရှုံးသမားတစ်ယောက် အဖြစ်ကလွဲရင် သူ့အတွက် နေရာမရှိပါဘူး။ အလုပ်မှာလည်း သူကြိတ်ကြိုက်နေတဲ့ ဆာရာဆိုတဲ့ ကောင်မလေးရှိနေပေမယ့် မမှီတဲ့ပန်းတစ်ပွင့်လို ဖြစ်နေတာကြောင့် အဝေးကပဲ ငေးနေနိုင်ပါတယ်။ တစ်နေ့ သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို မော်ရိစ်ဆိုတဲ့ ဗန်ပိုင်းယား တစ်ကောင်ရောက်လာပြီး ရက်ဂျီနယ်နဲ့ ခဏချင်းဆိုသလို စကားပြောမိကာ မိတ်ဆွေတွေဖြစ်သွားပါတယ်။ ဒါပေမယ့် ဗန်ပိုင်းယားတစ်ဖွဲ့ ထပ်ရောက် လာပြီး မော်ရိစ်နဲ့ပြဿနာတက်တိုက်ခိုက်ရင်း ကြားညပ်ကာ ရက်ဂျီနယ်လည်း ဗန်ပိုင်းယားအဖြစ်ပြောင်းသွားပါတယ်။ ထူးခြားတာက ဗန်ပိုင်းယားတိုင်းမှာ မတူတဲ့အစွမ်းတစ်မျိုးစီရှိနေပါတယ်။ မော်ရိစ်ကလည်း သူ့ကြောင့်ဗန်ပိုင်းယား ဖြစ်သွားတဲ့ ရက်ဂျီနယ်ကိုကူညီရင်း ရက်ဂျီနယ်ရဲ့ အစွမ်းအသစ်တွေနဲ့အတူ ဘဝက တစ်မျိုးတစ်ဖုံဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမယ့် ဒီစီးရီးကို cmမှ အပတ်စဥ်ကြဿပတေးနေ့တိုင်း တင်ဆက်ပေးသွားပါမည်။